ပထမအကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များအား မတ်လ ၁ရက်နေ့ စတင်ရောင်းချမည်

ပထမအကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များအား မတ်လ ၁ရက်နေ့ စတင်ရောင်းချမည်
ပထမအကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်နာမူနာ။

ပထမအကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ရောင်းချသွားမည်ဖြစ်တယ်လို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ သတင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ်မြောက် ကျပ် ၅၀၀ တန် ထိလက်မှတ်များကို “က” အက္ခရာ မှ “သ” အက္ခရာထိ အက္ခရာ (၃၀) လုံး၊ အရန်ထီအဖြစ် “ဟ” အက္ခရာနှင့်  “ဠ” အက္ခရာတို့ဖြစ်ပြီး  “အ” အက္ခရာ မပါဝင်၊ အက္ခရာ (၂) လုံးအပါအဝင် အရန်ထီ “ကက” အက္ခရာမှစ၍ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ရောင်းချရတဲ့ အက္ခရာများကို ထီဖွင့်ပွဲမတိုင်မီ ထပ်မံကြေညာပေးသွားမှာဖြစ်တယ်လို့ သတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အက္ခရာလုံးရေ (၃၀) ကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ အရန်ထီများကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ခွဲဝေပေးပို့ပြီးနောက် ထပ်မံဝယ်ယူလိုသူများရှိပါက ကျပ် ၅၀၀ တန် အရန်ထီလက်မှတ်စာအုပ်များကို အနည်းဆုံးအုပ်ရေ (၁၀၀)နှင့် အထက် ဝယ်ယူလိုသူများအား ဘဏ်ငွေသွင်း ချလန် (TF-1)ဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်တွင် ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ကျပ် ၅၀၀ တန် ထီအတွက် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်း (၁၀,၀၀၀)၊ ကျပ်သိန်း (၅၀၀၀)နှင့် ကျပ်သိန်း (၁၀၀၀) ဆုများ အပါအဝင်ဖြစ်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ် ၅၀,၀၀၀ ဖြစ်ပါတယ်။

၃၃၉ ကြိမ်မြောက် ကျပ် ၂၀၀ တန် ထီလက်မှတ်များကို အက္ခရာ (၃) လုံး [(က) အက္ခရာမှ (ဂ)] အက္ခရာအထိ ထုတ်ဝေရောင်းချသွားမှာဖြစ်ပါတယ်။

ကျပ်၂၀၀ တန် ထီအတွက် ဆုမဲများမှာ အမြင့်ဆုံး ကျပ်သိန်း (၁၅၀၀)နှင့် ကျပ်သိန်း (၁၀၀)၊ ကျပ်သိန်း (၅၀) ဆုများ အပါအဝင်ဖြစ်ပြီး အနိမ့်ဆုံး ဆုမဲမှာ ကျပ် (၁၀၀, ၀၀၀) ဖြစ်တယ်လို့ သိရပါတယ်။

Source: The Mirror Daily

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags