ဘဏ္ဍရေးအကူအညီနှင့် လက်နက်အထောက်အပံ့ကို မဖြတ်တောက်နိုင်သရွေ့ အကြမ်းဖက်မှုကို အမြစ်မဖြုတ်နိုင်ဟု အီရန်ပြောကြား

ဘဏ္ဍရေးအကူအညီနှင့် လက်နက်အထောက်အပံ့ကို မဖြတ်တောက်နိုင်သရွေ့ အကြမ်းဖက်မှုကို အမြစ်မဖြုတ်နိုင်ဟု အီရန်ပြောကြား
 
 
 

အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားဖို့ လိုအပ်ကြောင်း အီရန်က အလေးအနက် ပြောကြားလိုက်သည်။

အစွန်းရောက်အကြမ်းဖက်သည့် မည်သည့်ပုံစံကိုမဆို အီရန်အနေဖြင့် ဆန့်ကျင်ကြောင်းနှင့် အကြမ်းဖက်ဝါဒနှင့် အိုင်အက်စ်တို့၏ အကြမ်းဖက်မှုကို သည်းခံသည့်လုပ်ရပ်မှန်သမျှသည် အကြမ်းဖက်သမားများကို လူမဆန်သည့် ပြစ်မှုကြီးများကို ရဲရဲတင်းတင်း ကျူးလွန်လာအောင် အားပေးအားမြှောက် ပြုခြင်းပင်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာဇီ အာဖခန်က ပြောကြားခဲ့သည်။ သို့ရာတွင် အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်မှုက နိုင်ငံများ၏ အချုပ်အခြာအာဏာကို မထိပါးစေသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

''အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်မှုတိုင်းက နိုင်ငံတကာဥပဒေတွေရဲ့ အခြေခံစည်းမျဉ်းတွေ၊ အထူးသဖြင့် အစိုးရတွေရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ်။ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့လုပ်ရပ်တိုင်းက အကြမ်းဖက်အုပ်စုတွေကို လူမဆန်တဲ့ပြစ်မှုကြီးတွေ ကျူးလွန်ရာမှာ ပိုပြီး ရဲတင်းလာစေတယ်''ဟု အာဖခမ်က ပြောကြားခဲ့သည်။ ဆက်လက်ပြီး အကြမ်းဖက်သမားများအား ဘဏ္ဍာရေးအကူအညီနှင့် လက်နက်အထောက်အပံ့များကို မဖြတ်တောက်နိုင်သရွေ့ အကြမ်းဖက်မှုကို အမြစ်ဖြုတ်နိုင်မည်မဟုတ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။  

Ref: Press TV

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly