ATP အဆင့် သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် (၁) နေရာကို မာရေး ထိန်းသိမ်းထား

ATP အဆင့် သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် (၁) နေရာကို မာရေး ထိန်းသိမ်းထား
ဗြိတိန် တင်းနစ်ကစားသမား အန်ဒီမာရေး (ဓာတ်ပုံ - အီးပီအေ)

ဗြိတိန် တင်းနစ်ကစားသမား အန်ဒီမာရေးဟာ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) ရဲ့ တစ်ဦးချင်း အဆင့်သတ်မှတ်ချက်တွင် ရမှတ် ၁၁,၅၄၀ နဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် မာရေးဟာ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး နံပါတ်တစ်နေရာကို နိုဝင်ဘာလ ၇ မှာ ပထမဆုံးအကြိမ် ဦးဆောင်နိုင်ခဲ့တဲ့ကတည်းက ယခုချိန်ထိ ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆားဗီးယား တင်းနစ်သမား ဂျိုကိုဗစ်ဟာ ရမှတ် ၉,၇၃၅ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး သူ့နောက်မှာတော့ ဆွစ်ဇလန်ကစားသမား ဝေါ်ရီကာ ရှိနေပါတယ်။

ပြင်သစ် တင်းနစ်ကစားသမား ဂျို-ဝီဖာရီးဆောင်ဂါဟာ အဆင့် ၇ နေရာကို သိမ်းပိုက်နိုင်ဖို့ အဆင့် ၄ ဆင့် ခုန်တက်ခဲ့ပါတယ်။

ဒါ့အပြင် ဆွစ်ဇလန်ကစားသမား ရော်ဂျာ ဖက်ဒရာဟာ ရမှတ် ၃,၂၆၀ နဲ့ အဆင့် ၁၀ နေရာထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၁၁,၅၄၀
၂) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၉,၇၃၅
၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၁၉၅
၄) ရာအိုနစ် (ကနေဒါ) ရမှတ် ၅,၀၈၀
၅) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၇၃၀
၆) ရာဖေးလ် နာဒါးလ် (စပိန်) ရမှတ် ၄,၁၁၅
၇) ဂျို-ဝီဖာရီးဆောင်ဂါ (ပြင်သစ်) ရမှတ် ၃,၄၈၀
၈) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၃,၄၁၀
၉) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၃၇၅
၁၀) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၃,၂၆၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required