အမြင်​အာရုံချို့တဲ့သူများအသုံးပြုသော လက်​ကွက်​ဖြင်​့ ကြားဖြတ်​​ရွေ​းကောက်​ပွဲတွင် ​မဲ​ပေးနိုင်

အမြင်​အာရုံချို့တဲ့သူများအသုံးပြုသော လက်​ကွက်​ဖြင်​့ ကြားဖြတ်​​ရွေ​းကောက်​ပွဲတွင် ​မဲ​ပေးနိုင်

ဖေဖော်ဝါရီ ၂၇ ။             ။ အမြင်အာရုံချို့တဲ့သူများအနေဖြင့် လွယ်ကူစွာ မဲပေးနိုင်စေရေးအတွက် ဘရေးလ်လက်ကွက်ဟု ခေါ်သော အမြင်အာရုံချို့တဲ့သူများ အသုံးပြုသည့် မျက်မမြင်လက်စမ်းစာပေကို မဲရုံများတွင် ထားရှိပေးသွားမည် ဖြစ်ကြောင်း မသန်စွမ်းအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်က ပြောသည်။  

ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လည်က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ ပြုလုပ်သည့် မသန်စွမ်းသူများ အကျုံးဝင်သည့် ရွေးကောက်ပွဲဆိုင်ရာဖိုရမ်တွင် အသိပေးပြောခဲ့ခြင်း ဖြစ်သည်။

"အထူးသဖြင့်ကတော့ ကျွန်တော်တို့ မဲလက်မှတ်ပေါ်မှာရှိတဲ့ ဘယ်ပါတီက ဘယ်သူဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် မသိနိုင်ဘူးလေ။ မသိနိုင်တဲ့အတွက်ကြောင့် တခြားသူရဲ့ အကူအညီနဲ့ ဖတ်ပြရတဲ့ အခြေအနေရှိတယ်။ အဲဒီအခြေအနေက ကျွန်တော်တို့အတွက် ကြီးမားတဲ့ အခက်အခဲပဲ။ တကယ်လို့များ ကျွန်တော်တို့ ဘရေးလ်တန်းပလိပ်လို့ ခေါ်တဲ့ မျက်မမြင်လက်စမ်းစာပေနဲ့ ပေးနိုင်မယ်ဆိုရင် အဲ့ဒီလိုဖော်ဆောင်ပေးထားတဲ့ မဲရုံတွေမှာ ကျွန်တော်တို့ မျက်မမြင်တွေက လွတ်လွတ်လပ်လပ် ဝမ်းမြောက်ဝမ်းသာနဲ့ မဲပေးလို့ ရတာပေါ့နော်" ဟု မသန်စွမ်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘရေးလ်လက်ကွက်များကို အမြင်အာရုံချို့တဲ့သူများ မဲပေးနိုင်ရန်အတွက် စတင်အသုံးပြုခဲ့ပြီး အမြင်အာရုံမသန်စွမ်းသူများအတွက် ၎င်းလက်ကွက်မရှိသည့် အခြားမဲရုံများတွင် ယုံကြည်စိတ်ချရသည့်သူကိုသာ ခေါ်၍ မဲပေးခိုင်းရခြင်းမျိုး ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ သုညဒသမ ၅၈ ရာခိုင်နှုန်း သည် အမြင်အာရုံဆုံးရှုံးနေကြောင်း ၂၀၁၅ ခုနှစ်က အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required