ဘင်ဂါဇီကော်မတီရှေ့မှောက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် သက်သေခံထွက်ဆိုမည်

ဘင်ဂါဇီကော်မတီရှေ့မှောက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် သက်သေခံထွက်ဆိုမည်
 
 
 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်မှာ ၂၀၁၂ ဘင်ဂါဇီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေသည့် အိမ်ဖြူတော်လက်ရွေးစင်ကော်မတီရှေ့မှောက်တွင် သက်သေခံထွက်ဆိုမည်ဖြစ်ဖြစ်ကြောင်း သူမ၏ ရွေးကောက်ပွဲမဲဆွယ်အဖွဲ့က ပြောကြားခဲ့သည်။

ဒီမိုကရတ်သမ္မတလောင်းအဖြစ် ထိပ်ကပြေးနေသည့် ကလင်တန်၏ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်အရ ဘင်ဂါဇီ စုံစမ်းစစ်ဆေးရေးကော်မတီ၏ အောက်တိုဘာ ၂၂ရက်နေ့တွင် သက်သေခံထွက်ဆိုရန် ဖိတ်ခေါ်မှုကို ကလင်တန်က လက်ခံခဲ့သည်ဟု ဆိုသည်။

''အောက်တိုဘာ လူထုရှေ့မှောက် ကြားနာမှုမှာ ကော်မတီရှေ့မှောက်ကို အရောက်လာဖို့ ကွန်ဂရက်အမတ် ဂေါ်ဒီရဲ့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပြီး ယမန်နေ့ကပဲ ဖိတ်ခေါ်မှုကို လက်ခံခဲ့လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်အတွက် ကျေနပ်မိပါတယ်''ဟု ကလင်တန်၏ ပြောခွင့်ရပုဂ္ဂိုလ် နစ် မာရီးက ပြောကြားခဲ့သည်။

ဇူလိုင်လတစ်ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဗွီဒီယိုထဲတွင်မူ ကလင်တန်၏ မဲဆဆွယ်အဖွဲ့က စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ရီပတ်ဘလီကင်အမတ်တို့မှာ အခွန်ထမ်းပြည်သူများ၏ ပိုက်ဆံများကို ဖြုန်းတီးပစ်နေသည်ဟု စွပ်စွဲခဲ့သည်။

အဆိုပါဗွီဒီယိုတွင် ဘင်ဂါဇီ လက်ရွေးစင်ကော်မတီမှာ အမေရိကန်သံအမတ် ခရစ် စတီဗင်အပါအဝင် အမေရိကန် သံတမန် ၄ဦး သေဆုံးခဲ့ရသည့် လစ်ဗျားမြို့ ဘင်ဂါဇီရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့်အရာများကို တူးဆွနေခြင်းဖြင့် အခွန်ထမ်းပြည်သူတို့၏ ပိုက်ဆံကို တစ်ရက်လျှင် ဒေါ်လာ ၈၀၀၀၀နှုန်း ဖြုန်းတီးပစ်နေသည်ဟု ပြောကြားခဲ့သည်။ ''ရီပတ်ဘလီကင်တွေက ဘယ်လောက်ကြာကြာ နိုင်ငံရေးပရိယာယ်အပေါ်မှာ အခွန်ငွေတွေကို သုံးစွဲနေဦးမှာလဲ''ဟု အဆိုပါ ဗွီဒီယိုတွင် ပြောကြားခဲ့သည်။

CNN သတင်းတစ်ရပ်အရ ၂၀၁၂ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့က အတိုက်အခိုက်ခံရစဉ်တွင် ဘင်ဂါဇီသံရံုံး၌ စီအိုင်အေ ဝန်ထမ်းပေါင်း ၃၅ယောက်နှင့်အထက် အလုပ်လုပ်နေသော်လည်း မည်ရွေ့မည်မျှ ဒဏ်ရာရသေဆုံးသည်ကို သတင်းပို့ခြင်းမရှိခဲ့ဟု ဆိုသည်။

အိုဘားမားအစိုးရက ဘင်ဂါဇီတွင် ၎င်း၏လှုပ်ရှားမှုသေးစိတ်ကို ငြင်းကွယ်ထားခဲ့သည်ဟု သံသယရှိသောကြောင့် ရီပတ်ဘလီကင်အမတ်များက ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးရန် တွန်းအားပေးလာခဲ့သည်။ ဒီမိုကရတ်နှင့် ရီပတ်ဘလီကင်အမတ်များမှာ ၂၀၁၂ စက်တင်ဘာ ဘင်ဂါဇီတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် နိုင်ငံရေးဘောလုံးကစားနေခဲ့ကြသည်ဟု ဆိုသည်။

Ref: Press TV

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly