အင်္ဂလန်တွင် လီဗာပူးလ်၏အအောင်မြင်ဆုံး စံချိန်ကို မန်ယူလိုက်မီ

အင်္ဂလန်တွင် လီဗာပူးလ်၏အအောင်မြင်ဆုံး စံချိန်ကို မန်ယူလိုက်မီ
 

ဖေဖော်ဝါရီ ၂၇၊ အင်္ဂလန် ။             ။ မန်ယူအသင်းသည် ဆောက်သမ်တန်အသင်းကို အနိုင်ယူပြီး လိဂ်ဖလားကို ရယူနိုင်ခဲ့သည့်အတွက် အင်္ဂလန်နိုင်ငံတွင် လီဗာပူးလ်အသင်း၏ အအောင်မြင်ဆုံး စံချိန်ကို လိုက်မီသွားခဲ့သည်။

ယခုလိဂ်ဖလားသည် မန်ယူအသင်းအတွက် ငါးကြိမ်မြောက်ရရှိသည့်ဆုဖလားဖြစ်ပြီး အသင်းသမိုင်းတွင် ၄၁ ကြိမ်မြောက်ရရှိသည့် အဓိကဆုဖလားဖြစ်သည်။

လိဂ်ဖလားဗိုလ်လုပွဲတွင် မန်ယူအသင်းသည် မိုဗစ်နှင့်လင်ဂတ်တို့၏ဦးဆောင်ဂိုး ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဆောက်သမ်တန်တိုက်စစ်မှူး ဂတ်ဘီယာဒီနီက ချေပဂိုး ၂ ဂိုး   ပြန်သွင်းခဲ့သည့်အတွက်  အနိုင်ရရန် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် ၈၇ မိနစ်ရောက်မှ မိုဗစ်၏ခေါင်းတိုက်သွင်းဂိုးကြောင့် မန်ယူတို့ ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းသည် အမှတ်ပေးဖလား အကြိမ် ၂၀၊ အက်ဖ်အေဖလား ၁၂ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နှင့် ဥရောပပြိုင်ပွဲအခြားဖလားတစ်ကြိမ် ရရှိခဲ့ကာ စုစုပေါင်း ဆုဖလား ၄၁ ကြိမ် ရရှိခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ်အသင်းမှာမူ အမှတ်ပေးဖလား ၁၈ ကြိမ်၊ အက်ဖ်အေဖလား ၇ ကြိမ်၊ လိဂ်ဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နှင့်အခြားဥရောပဖလား ၃ ကြိမ် ရခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ်အသင်းနှင့်မန်ယူအသင်းတို့၏နောက်တွင် အာဆင်နယ်အသင်းက ဆုဖလား ၂၈ ကြိမ် ရရှိမှုဖြင့် အင်္ဂလန်၏တတိယအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ချယ်လ်ဆီးမှာ ဆုဖလား ၂၁ ကြိမ်ဖြင့် အဆင့် ၅၊ မန်စီးတီးမှာ ဆုဖလား ၁၄ ကြိမ်ဖြင့် အဆင့် ၈ နေရာတို့တွင် ရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required