ကာဂျစ်စတန် အတိုက်အခံပါတီခေါင်းဆောင် အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် ဖမ်းဆီးခံရ

ကာဂျစ်စတန် အတိုက်အခံပါတီခေါင်းဆောင် အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် ဖမ်းဆီးခံရ

ကာဂျစ်စတန်နိုင်ငံ၌ လာမည့် နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမတိုင်မီတွင် နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာ နေပြီး နိုင်ငံအတွင်းရှိ အတိုက်အခံပါတီမှဝါရင့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များ ဖြင့်ဖမ်းဆီးခဲ့သည်ဟု လုံခြုံရေးဌာနမှ ယနေ့ တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

နိုင်ငံတော် အမျိုးသားလုံခြုံရေးကော်မတီက ဆိုရှယ်လစ်အက်တာမီကန်ပါတီကို ဦးဆောင်သူ မစ္စတာအိုမာဘတ် တီကီဘာရဗ်အား နိုင်ငံ၏ လေဆိပ်သို့ရောက်ရှိလာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြောခဲ့သည်။

တာဝန်ထမ်းဆောင်နေဆဲဖြစ်သော သမ္မတ အယ်မက်ဘတ်ခ်အက်တမ်ဘာရဗ်၏ ခါးသီးသောပြိုင်ဘက်တစ်ဦး ဖြစ်သူ အတိုက်အခံပါတီခေါင်းဆောင်ကို အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်မှုရှိမရှိ စစ်ဆေးမေးမြန်းရန် အတွက် ၄၈နာရီကြာ   တယ်လီကွန်ကုမ္ပဏီတွင် ထိန်းသိမ်းထားမည်ဟု ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ဆိုဗီယက်ပြည်ထောင်စုထဲတွင ်ပါဝင်ခဲ့သော ကာဂျစ်စတန်နိုင်ငံသည် ဒေသတွင်း၌ ဒီမိုကရက်တစ်နိုင်ငံတစ်ခုဖြစ် ပြီး အာဏာရှင်ဆန်သော ခေါင်းဆောင်က အချိန်ကြာမြင့်စွာ အုပ်ချုပ်နေကာ မကြာသေးခင် အချိန်များက နိုင်ငံ အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကို ကြုံတွေ့နေရသည်။

ကာဂျစ်စတန်နိုင်ငံသည် လူမျိုးစုအကြမ်းဖက်မှုများကြောင့် လူပေါင်း၄၀၀ခန့် သေဆုံးခဲ့အပြီးတွင်၂၀၀၅ နှင့် ၂၀၁၀ ခုနှစ်တို့၌ သမ္မတများကိုရာထူးမှ ချပစ်နိုင်ခဲ့သော တော်လှန်ရေးနှစ်ခုကို ကြုံတွေ့ခဲ့ရသည်။

တီကီဘာရဗ်၏ အဖမ်းခံရမှုသည် သူ၏ ပါတီဝင်နှစ်ဦးကို ယခုလအစောပိုင်းတွင်ဖြစ်ပွားခဲ့သော အကျင့်ပျက်ခြစား မှုနှင့် ပတ်သက်ခြင်း ရှိမရှိအား လေးနာရီနှင့် ကိုးနာရီနီးပါးစစ်ဆေးမေးမြန်းခဲ့မှု အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required