သြစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့ စစ်ရေးပြန်လည်ပူးပေါင်းကြောင်း ကြေညာ

သြစတြေးလျနှင့် အင်ဒိုနီးရှားနိုင်ငံတို့ စစ်ရေးပြန်လည်ပူးပေါင်းကြောင်း ကြေညာ

ယနေ့တနင်္ဂနွေနေ့တွင် သြစတြေးလျနှင့် အင်ဒိုနီးရှားမှခေါင်းဆောင်နှစ်ဦးသည် ဆွေးနွေးပွဲကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား စစ်ရေးအရ အပြည့်အဝပြန်လည်ပူးပေါင်းကြောင်း ကြေညာခဲ့ကြသည်။

 ပြီးခဲ့သောဒီဇင်ဘာလက သြစတြေးလျနိုင်ငံ၏ သင်ကြားရေးနည်းစနစ်များသည် အင်ဒိုနီးရှားနိုင်ငံအပေါ် စော်ကားသည်ဟု ယူဆရသောကြောင့် နှစ်နိုင်ငံကြား ကတောက်ကဆဖြစ်ကာ စစ်ရေးပူးပေါင်းခြင်းရပ်ဆိုင်းခဲ့ကြောင်း အင်ဒိုနီးရှားဘက်မှ ကြေညာခဲ့ဖူးသည်။

 ဝန်ကြီးချုပ်မယ်လ်ကွန်တန်းဘူးလ်က သူနှင့် အင်ဒိုးနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့သည် နှစ်နာရီကြာ ဆွေးနွေးခဲ့ပြီးနောက် ကာကွယ်ရေးနှင့်လေ့ကျင့်သင်ကြားရေးကိစ္စများကို နဂိုအခြေအနေအတိုင်း အပြည့်အဝပြန်လည်ပူးပေါင်းသွားရန် သဘောတူညီခဲ့ကြောင်း ပြောခဲ့သည်။

 သြစတြေးလျနိုင်ငံသို့ နိုင်ငံခေါင်းဆောင်အဖြစ် ပထမဦးဆုံးအကြိမ် အလည်အပတ်ရောက်ရှိလာသော သမ္မတ ဝီဒိုဒိုက အိမ်နီးချင်းနှစ်နိုင်ငံသည် အဓိကစီးပွားဖက်များအဖြစ်လည်း လုပ်ကိုင်သွားကြဖို့ သဘောတူညီခဲ့ကြောင်း သတင်းထောက်များအား ပြောခဲ့သည်။

 “ကျွန်တော်တို့နှစ်နိုင်ငံစလုံးဟာ နှစ်ဦးနှစ်ဖက်ပါဝင်သော အဆင်မြင့်လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ကိုလည်း အပြီးသတ် သဘောတူညီခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်အကုန်မှာ အင်ဒိုနီးရှား-သြစတြေးလျတို့ဟာ စီးပွားဖက်တွေအဖြစ် ရှိနေကြမှာဖြစ်ပါတယ်” ဟု တန်းဘူးလ်က သတင်းထောက်များအား ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required