ပရီးမီးယားလိဂ်ပွဲ ၃၀၀ ပြည့်ခဲ့သည့် ဖာဘရီဂတ်စ်ကို ကွန်တီချီးကျူးဂုဏ်ပြု

ပရီးမီးယားလိဂ်ပွဲ ၃၀၀ ပြည့်ခဲ့သည့် ဖာဘရီဂတ်စ်ကို ကွန်တီချီးကျူးဂုဏ်ပြု

ဖေဖော်ဝါရီ ၂၆၊ လန်ဒန်။       ။ ပရီမီးယားလိဂ်ပွဲ ၃၀၀ ပြည့်ကိုဂိုးတစ်ဂိုးဖြင့်ဆင်နွှဲခဲ့သည့် ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်ကို ချယ်လ်ဆီးနည်းပြကွန်တီက ချီးကျူးဂုဏ်ပြုလိုက်သည်။

စပိန်လက်ရွေးစင်ကစားသမားဖာဘရီဂတ်စ်သည် ချယ်လ်ဆီးအသင်းက ဆွမ်ဆီးကိုအိမ်ကွင်းတွင် ၃-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲ၌ ဂိုးတစ်ဂိုးသွင်းပြီး ၎င်း၏ ဘဝမှတ်တိုင်ကို ပြီးပြည့်စုံစေခဲ့သည်။

လက်ရှိရာသီတွင်ခြောက်ပွဲမြောက်အဖြစ် ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာသည့် ဖာဘရီဂတ်စ်သည် ပက်ဒရိုနှင့် ဒီယေဂို ကော်စတာမတိုင်မီ အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီး ချယ်လ်ဆီးအသင်းမှာလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ၁၁ မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့သည်။

ဖာဘရီဂတ်စ်၏ ခြေစွမ်းနှင့် ပတ်သက်၍ ကွန်တီက “သူက တကယ်ကောင်းတဲ့ပွဲကိုကစားသွားတာပါ။ ကျွန်တော့်အတွက်လည်း ဒီအဖြေက တကယ့်ကိုအရေးပါပြီး တစ်ပွဲခြင်းသုံးသပ်ရမှာဖြစ်သလို ခြေစွမ်းပိုကောင်းတဲ့ ကစားသမားကို လိုအပ်တဲ့အခါ နားလည် သဘောပေါက်ထားရပါမယ်။

ကျွန်တော့်အတွက်တော့ မာတစ်၊ ကန်တီနဲ့ ဖာဘရီဂတ်စ်တို့အားလုံးက ထိပ်သီးကစားသမားတွေပါပဲ။ နောက်ဆုံးပွဲမှာသူ ပွဲထွက်ခွင့်မရခဲ့ပေမယ့် အခုလို ခြေစွမ်းပြတာတွေ့ရလို့ ကျေနပ်ပါတယ်”ဟု ပြောသည်။

ဆက်လက်၍ ကျန်ကစားသမားများ၏ ခြေစွမ်းကိုလည်း ကွန်တီကချီးကျူးလိုက်ပြီး ၎င်းတွင် ပရီးမီးယားလိဂ်ကို ဦးဆောင်ထိုက်သည့် လူစာရင်းကို ပိုင်ဆိုင်ထားကြောင်း ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required