နယူးကာဆယ်နည်းပြကို တစ်နှစ်ပေါင်သန်း ၃၀ ပေးပြီးခေါ်ရန် တရုတ်ကလပ်များ ပစ်မှတ်ထား

နယူးကာဆယ်နည်းပြကို တစ်နှစ်ပေါင်သန်း ၃၀ ပေးပြီးခေါ်ရန် တရုတ်ကလပ်များ ပစ်မှတ်ထား

ဖေဖော်ဝါရီ ၂၆၊ နယူးကာဆယ်။           ။ တရုတ်စူပါလိဂ်ကလပ်များသည် နယူးကာဆယ်နည်းပြ ရာဖာဘင်နီတက်ဇ်ကို ကမ္ဘာ့လုပ်ခလစားအများဆုံး နည်းပြဖြစ်လာစေရန် အဆင်သင့်ဖြစ်နေကြသည်။

လာမည့်နွေရာသီတွင် စပိန်လူမျိုးနည်းပြသည် နယူးကာဆယ်အသင်းကိုစွန့်ခွာခဲ့လျှင် တရုတ်အသင်းနှစ်သင်းက တစ်နှစ်ပေါင် သန်း ၃၀ နှင့်အထက်ပေးပြီး ကမ်းလှမ်းခေါ်ယူလိုနေခြင်းဖြစ်သည်။

ဘင်နီတက်ဇ်ရရှိမည့် တစ်ပတ်လုပ်ခ ပေါင် ၆၀၀,၀၀၀ သည် ရှန်ဟိုင်းအက်စ်အိုင်ပီဂျီမှ ချယ်လ်ဆီးနည်းပြဟောင်း ဘိုအာ့စ်ထက် တစ်နှစ် ပေါင် ၁၁ သန်း၊ ရှန်ကျန်းမှ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်ထက် တစ်နှစ် ပေါင် ၄ သန်း ပိုမိုများပြားမည်ဖြစ်သည်။

ထို့ပြင် တစ်ပတ်လုပ်ခ ပေါင် ၆၃၂,၀၀၀ ရနေသည့် တိဗက်ဇ်နှင့်ပင် တူညီသွားစေမည်ဖြစ်သည်။ ဇန်နဝါရီလအတွင်း နယူးကာဆယ်အသင်း ကစားသမားခေါ်ယူရန်ပျက်ကွက်ခဲ့သဖြင့် စိတ်ပျက်ကြောင်း ဘင်နီတက်ဇ်က ပြောဆိုထားသည်။

ဘင်နီတက်ဇ်သည် ပြီးခဲ့သည့် ရာသီက နယူးကာဆယ်အသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသော်လည်း သုံးနှစ်စာချုပ်ချုပ်ခဲ့ပြီး လာမည့်ရာသီ၌ ဆက်လက်ကိုင်တွယ်မည်ဆိုသော မည်သည့် အာမခံချက်မှ ပေးထားခြင်း မရှိသူဖြစ်သည်။

အာဆင်နယ်နည်းပြအာစင်ဝင်းဂါး၏ နေရာတွင် အစားထိုးမည့်သူအဖြစ် လျာထားခံရခြင်းနှင့် ပတ်သက်၍လည်း ဘင်နီတက်ဇ်က တန်းပြန်တက်ခွင့်ရရေးကိုသာ အာရုံစိုက်ထားဦးမည်ဖြစ်ပြီး ရာသီကုန်မှသာ အသင်းပိုင်ရှင်မိုက်အက်ရှ်လေနှင့် ဆွေးနွေးရမည်ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required