လက်စတာနည်းပြရာထူးအတွက် မန်ချီနီနှင့် ဟစ်ဒင့်အပြိုင်ဖြစ်နေ

လက်စတာနည်းပြရာထူးအတွက် မန်ချီနီနှင့် ဟစ်ဒင့်အပြိုင်ဖြစ်နေ

ဖေဖော်ဝါရီ ၂၆၊ လက်စတာ။           ။ လက်စတာနည်းပြအဖြစ်မှ ထုတ်ပယ်ခံရသည့် ရာနီရေးရီ၏ နေရာတွင် အစားထိုးမည့်သူများအဖြစ် မန်ချီနီနှင့် ဟစ်ဒင့်တို့ ရှေးဆုံးမှ အပြိုင်ဖြစ်နေသည်ဟု မေးလ်အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။

လက်စတာအသင်း ထိပ်ပိုင်းတာဝန်ရှိသူများသည် အစားထိုးမည့် နည်းပြများစာရင်းကို ရွေးချယ်ထားပြီး လာမည့်တစ်ပတ်အလယ် ပိုင်းခန့်တွင် တစ်ဦးကို ခန့်အပ်ဖွယ်ရှိနေသည်။

ခန့်အပ်ရခြင်းမရှိမီ အသင်းပိုင်ရှင် ဆရီဗက်ဒနာပရက်ဟာက အတည်ပြုပေးမည်ဖြစ်သည်။ ဟစ်ဒင့်နှင့် မန်ချီနီတို့နှစ်ဦးစလုံးကို ချက်ချင်းရရှိနိုင်ပြီး နယ်သာလန်လူမျိုးဟစ်ဒင့်သည် ချယ်လ်ဆီးမ ှထွက်ခွာပြီးကတည်းက အလုပ်မရှိဘဲ ၂၀၀၁ တွင်လက်စတာ၌ ကစားခဲ့ဖူးသည့် မန်ချီနီမှာ သြဂုတ်လကတည်းက အင်တာမီလန်နှင့် လမ်းခွဲခဲ့ရသူဖြစ်သည်။

လက်စတာအသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေသည့် ခရိတ်ရှိတ်စပီးယားတွင်လည်း နည်းပြအဖြစ် တရားဝင်ခန့်အပ်ခံရ ရန် အခွင့်အရေးရှိသည်။

နည်းပြရာနီရေးရီ ထုတ်ပယ်ခံရမှုတွင် ၎င်းတို့၏ စနစ်လည်းပါဝင်ခဲ့သည်ဆိုသော သတင်းများကိုမူ လက်စတာကစားသမားများက တညီတညွတ်တည်းငြင်းဆန်ခဲ့ကြသည်။

တန်းဆင်းဇုန်ပြိုင်ဘက်များဖြစ်သည့် မစ်ဒယ်ဘရော့၊ ခရစ္စတယ်ပဲလေ့စ်တို့ထက် တစ်ပွဲ၊ တစ်မှတ်လျော့နေသည့် လက်စတာ အသင်းသည် တနင်္လာညတွင် လီဗာပူးလ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required