ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယသို့ ထွက်ခွာ

ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယသို့ ထွက်ခွာ

အန္ဒိယနိုင်ငံ လေတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အန္ဒိယနိုင်ငံ ခရီးစဉ်ကို ဇူလိုင် ၂၆ရက်တွင် စတင်လိုက်သည်။

ယင်းခရီးစဉ်တွင် နယ်စပ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ရှိနေပြီး မြန်မာ-အန္ဒိယ နယ်စပ်တွင် နှစ်နိုင်ငံ ပူးပေါင်းကင်းလှည့်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးရန် ရှိနေသည်။

ခရီးစဉ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာတပ်မတော် အရာရှိကြီးများဖြစ်သည့် ကာကွယ်ရေးဦးစီးရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော်တို့ လိုက်ပါသွားသ်ည။

ပြီးခဲ့သည့်လ အတွင်းက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင်အုပ်စုများကို အိန္ဒိယ စစ်တပ်က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ စစ်ရေးအကူအညီများနှင့် စစ်သင်တန်းများ ပေးသွားရန် အိန္ဒိယနိုင်ငံက သဘောတူခဲ့သည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုမှာ ဇွန် ၄ ရက်က လက်နက်ကိုင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်ခံရ၍ မဏိပူတွင် အိန္ဒိယစစ်သား ၁၈ ဦး သေဆုံးခဲ့သဖြင့် အိန္ဒိယ စစ်တပ်က ပြန်လည်ထိုးစစ်ဆင် ချေမှုန်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်လည်း အိန္ဒိယသို့ ဇူလိုင် ဒုတိယပတ်ထဲ၌ သုံးရက်ကြာ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သေးသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယခုတစ်ကြိမ် အိန္ဒိယကို သွားရောက်သည့် ခရီးစဉ်သည် ၎င်း၏ အန္ဒိယသို့ ဒုတိယအကြိမ် သွားသည့် ခရီးစဉ်လည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly