အာဏာရှင် မားကို့စ်ကို ဖြုတ်ချလိုက်တဲ့ တော်လှန်ရေး နှစ်ပတ်လည်နေ့ ဖိလစ်ပိုင်တွင် ကျင်းပ

အာဏာရှင် မားကို့စ်ကို ဖြုတ်ချလိုက်တဲ့ တော်လှန်ရေး နှစ်ပတ်လည်နေ့ ဖိလစ်ပိုင်တွင် ကျင်းပ

မနီလာ၊ ဖေဖော်ဝါရီ ၂၅ ။                     ။ ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ဟောင်းမားကို့စ်ကို ဖြုတ်ချလိုက်နိုင်တဲ့ ပြည်သူ့လှုပ်ရှားမှု ၃၁ နှစ်မြောက်ကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပပါတယ်။

နေ့လယ် တစ်နာရီမှာ အဓိကအစီအစဉ် စတင်တာဖြစ်ပြီး မနီလာမြို့တွင်းက ရိပ်သာလမ်းမှာ ညနေတိုင်အောင် လူစုရုံးပြီး ကျင်းပသွားမှာဖြစ်ပါတယ်။

၁၉၈၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ မှ ၂၅ ရက်အထိ မားကို့စ်ရဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်စုရုံးခဲ့ကြတဲ့ ပြည်သူနှစ်သန်းကျော်ကို ခုလိုဂုဏ်ပြုခြင်းလည်းဖြစ်ပါတယ်။

လူမှုအသင်းအပင်းတစ်ချို့ ကြီးကြပ်စီစဉ်တဲ့ အခုလူအုပ်ဟာ မနီလာလမ်းတွေမှာ ဆန္ဒပြစုရုံးချီတက်ပြီး ပြည်သူ့အာဏာတော်လှန်ရေးနှစ်ပတ်လည်အဖြစ် ကျင်းပတာဖြစ်ပါတယ်။

ဆန္ဒပြချီတက်သူတွေက “နောက်တစ်ကြိမ် ထပ်အဖြစ်မခံ” စတဲ့စာတမ်းပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြသလို တစ်ချို့သူတွေက လက်ရှိသမ္မတ ဒူတာတေးအစိုးရကိုလည်း   ဝေဖန်မှုတွေ   ပြုလုပ်ကြပါတယ်။

မားကို့စ်ဟာ ၁၉၆၅ ကနေ ၁၉၈၆ ခုနှစ်အထိ အာဏာပြင်းပြင်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာဖြစ်ကာ ပြည်ပထွက်ပြေးခဲ့ရပြီး သုံးနှစ်အကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မားကို့စ်ရဲ့ ရုပ်အလောင်းကို
ဖိလစ်ပိုင်နိုင်ငံကို ပြန်သယ်လာခဲ့ပြီးနောက် ဒူတာတေးရဲ့ အကြံပြုချက်နဲ့ သူရဲကောင်းဗိမာန်မှ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြုပ်နှံခဲ့တာကြောင်း ဆန္ဒပြမှုတွေ ဖြစ်ခဲ့ရပါတယ်။

ပြည်သူတစ်သိန်းကျော် အသတ်ခံရခြင်း၊ နှိပ်စပ်ညင်းပန်းခံရခြင်းနဲ့ တရားမဲ့ ဖမ်းဆီးခံရခြင်းတွေမှာ မားကို့စ်က လက်သည်ဖြစ်တယ်ဆိုပြီး သူရဲကောင်းဂူဗိမာန်မှာ မြုပ်နှံခြင်းကို ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ စနေနေ့မှာဆိုရင် လူ ၇၀ ဝန်းကျင်လောက်က ဂူဗိမာန် ဝင်ပေါက်တွေမှာ ရပ်နေပြီး အာဏာရှင်ဟောင်းရဲ့ ရုပ်အလောင်းကို ပြန်ဖော်ဖို့ ဟစ်ကြွေးကာ စာတမ်းများကိုင်ဆောင် ဆန္ဒပြကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly