ဖလားရရေး အာရုံစိုက်နေချိန်တွင် စာချုပ်သစ်ဆွေးနွေးနိုင်ခြင်း မရှိသေးဟု ကွန်တီဆို

ဖလားရရေး အာရုံစိုက်နေချိန်တွင် စာချုပ်သစ်ဆွေးနွေးနိုင်ခြင်း မရှိသေးဟု ကွန်တီဆို

ဖေဖော်ဝါရီ ၂၅၊ လန်ဒန်။           ။ ချယ်လ်ဆီးအသင်းနှင့်စာချုပ်သစ်ဆွေးနွေးနေသည်ဟု အီတလီတွင် သတင်းများထွက်နေခြင်းကို နည်းပြကွန်တီကငြင်းဆန်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားရရေး ကြိုးပမ်းမှုကိုသာ အပြည့်အဝ အာရုံစိုက်နေသည်ဟု ပြောသည်။

ကွန်တီသည် လန်ဒန်အနောက်ပိုင်းကလပ်နှင့်စာချုပ်သက်တမ်းတိုးရန် ပိုင်ရှင်အေဘရာမိုဗစ်နှင့် သဘောတူညီမှုရခဲ့ပြီဟု သတင်းများထွက်နေခြင်းဖြစ်သည်။

သို့သော်အသက် ၄၇ နှစ်အရွယ်နည်းပြက အရေးကြီးသည့်ရာသီအဆုံးသတ်ပိုင်းရောက်လာနေချိန်တွင် စာချုပ်သစ်ကိစ္စကို စိတ်မဝင်စားကြောင်း ၎င်း၏အသင်းနှင့်ဥပမာပေးပြောဆိုခဲ့ပြီး လာမည့်ပြိုင်ဘက်နှင့်ပွဲကိုသာ အသင်းသားများအာရုံစိုက်နေ သကဲ့သို့ပင်ဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော့်ကစားသမားတွေနဲ့ ကျွန်တော်နဲ့အတူတူပါပဲ။ လက်ရှိအချိန်အကြောင်းစဉ်းစားတာ၊ အာရုံစိုက်တာကပဲ အရေးကြီးတယ်လို့ ကျွန်တော်ယူဆထားပြီး သင့်တော်တဲ့အချိန်ရောက်မှသာ ကစားသမားတွေ၊ နည်းပြတွေရဲ့ ကိစ္စအဝဝကို ဖြေရှင်းကြရမှာဖြစ်ပါတယ်။

အဲဒါက ကျွန်တော့်ရည်မှန်းချက်၊ ကစားသမားတွေရဲ့ရည်မှန်းချက်ပဲဆိုတာ သေချာပါတယ်။ စာချုပ်ကိစ္စအငြင်းအခုံလုပ်ဖို့ အချိန်မသင့်သေးပါဘူး”ဟု ကွန်တီက ပြောသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly