EFL ဖလားဗိုလ်လုပွဲတွင် ရွန်နီပါဝင်မည်ဟု မော်ရင်ဟိုပြော

EFL ဖလားဗိုလ်လုပွဲတွင် ရွန်နီပါဝင်မည်ဟု မော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၂၅၊ မန်ချက်စတာ။                      ။ တနင်္ဂနွေနေ့တွင် ဆောက်သမ်တန်နှင့်ကစားမည့် EFL ဖလားဗိုလ်လုပွဲတွင် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဝိန်းရွန်နီ ပါဝင်မည်ဟု နည်းပြမော်ရင်ဟိုက ပြောသည်။

တရုတ်နှင့်အပြောင်းအရွှေ့သတင်းများထွက်ပြီးနောက် အသက် ၃၁ နှစ်အရွယ်ရွန်နီက အိုးထရက်ဖို့ဒ်တွင်သာဆက်ရှိနေဆဲ ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ကြေညာထားသည်။

အင်္ဂလန်အသင်းခေါင်းဆောင်သည် ခြေသလုံးဒဏ်ရာကြောင့် ယူနိုက်တက်၏နောက်ဆုံးသုံးပွဲကို လွဲချော်ထားသည်။ “သူကောင်း နေပါပြီ။ အသင်းနဲ့လည်းလေ့ကျင့်ခန်းဆင်းနေတယ်။ သူဒီမှာဆက်နေမယ်ဆိုတဲ့ကြေညာချက်ကို ထုတ်ပြန်သင့်တဲ့အချိန်မှာ ထုတ်ပြန်ခဲ့တာ အတိအကျပါပဲ။

သူနဲ့ပတ်သက်တဲ့မေးခွန်းက ရာသီမကုန်မီ ဒါနောက်ဆုံးပဲဖြစ်သင့်ပါတယ်”ဟု ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက ပြောသည်။

ရွန်နီ၏အေးဂျင့် ပေါလ်စထရက်ဖို့ဒ်သည် တရုတ်သို့သွားပြီးအပြောင်းအရွှေ့ကိစ္စဆွေးနွေးခဲ့သော်လည်း မည်သည့်အသင်းဖြစ် ကြောင်းကိုမူ မသိရပေ။

သို့သော်လည်းယူနိုက်တက်၏ဂိုးအသွင်းအများဆုံးတိုက်စစ်မှူးက ၎င်းအနေဖြင့် ပရီးမီးယားလိဂ်လက်ကျန်ပွဲများတွင် အပြည့်အဝ ပါဝင်ခွင့်ရမည်ဟုမျှော်လင့်ကြောင်း ကြေညာခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required