ဂျော်ဒန်တွင် ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် အစိုးရ နှုတ်ထွက်ရေး ဆန္ဒပြတောင်းဆို

ဂျော်ဒန်တွင် ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် အစိုးရ နှုတ်ထွက်ရေး ဆန္ဒပြတောင်းဆို

ဖေဖော်ဝါရီ ၂၅ ။           ။ ဂျော်ဒန်နိုင်ငံတွင် အခြေခံလူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခွန်တိုးမြင့်ကောက်ခံလိုက်သည့် အစိုးရ၏ လုပ်ဆောင်ချက်အပေါ်  ဒေါသထွက်နေသော   ပြည်သူလူထုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြလာခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၄ ရက်က ရာပေါင်းများစွာသော ဂျော်ဒန်ပြည်သူတို့က လမ်းပေါ်ထွက်ကာ အစိုးရ နှုတ်ထွက်ရေး   တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ဂျော်ဒန်အစိုးရက ယခုလ အစောပိုင်းကာလက အင်တာနက် နှင့် မိုဘိုင်းဖုန်းအသုံးပြုမှု၊ ပေါင်မုန့်၊ စက်သုံးဆီ၊ ဆေးလိပ် နှင့် အချိုရည် စသည်တို့အပေါ်တွင် အခွန်များ တိုးမြင့်ကောက်ခံခဲ့သည်။

ယခုအခါ ဂျော်ဒန်ပြည်သူ ၁,၅၀၀ ခန့်မှာ Amman မြို့လယ် လမ်းများပေါ်သို့ ထွက်ကာ အစိုးရအပေါ် ဆန့်ကျင်ဆန္ဒြုပလာခဲ့ကြခြင်းလည်း ဖြစ်သည်။

ဆန္ဒပြသူများမှာ Husseini ဗလီမှ စတင်ထွက်ခွာကာ လမ်းတစ်လျှောက် အစိုးရ နှုတ်ထွက်ရေး ကြွေးကြော်အော်ဟစ်တောင်းဆိုကာ ကုန်ဈေးနှုန်းမြင့်တက်မှုအပေါ်တွင် ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့ကြသည်။

" ကုန်ဈေးနှုန်းတက်အောင် လုပ်တဲ့ အစိုးရ ထွက်ရမယ်၊ ပြည်သူတွေကို ဆင်းရဲအောင်လုပ်တဲ့ အစိုးရ ထွက်ပါ" ဆိုသည့် ဆိုင်းပုဒ်များလည်း ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

အလားတူ ဆန္ဒပြမှုဖြစ်စဉ်များ အခြားသော ဒေသမြို့များဆီသို့လည်း ကူးစက်ပြန့်နှံ့သွားခဲ့သည်ဟုလည်း သိရသည်။

ယင်းနိုင်ငံအစိုးရအနေဖြင့် ကြွေးမြီ ဒေါ်လာ ၃၅ ဘီလီယံ တင်ရှိနေသည်ဟု သိရပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့်လ်ည်း ငွေချေးယူမှုများ လုပ်ဆောင်ထားရပြီးနောက် ယခုကဲ့သို့အခွန်တိုးကောက်ခံမှုများ လုပ်ဆောင်လာရခြင်းဖြစ်ကြောင်း သိရသည်။

ဆီးရီးယားနှင့် အီရတ်နိုင်ငံတု့ိ၌ ဖြစ်ပွားနေသော ပဋိပက္ခ စစ်ပွဲများကြောင့်လည်း အိမ်နီးချင်း ဂျော်ဒန်၏ စီးပွားရေးမှာပါ လာရောက်ထိခိုက်ပျက်စီးစေခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required