YBS ကြောင့် ပြည်သူများ အကြပ်အတည်းဖြစ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲတွင် ပြော

YBS ကြောင့် ပြည်သူများ အကြပ်အတည်းဖြစ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲတွင် ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ။             ။ YBS ကြောင့် ပြည်သူများ အကြပ်အတည်းများ ဖြစ်နေသည်ဟု ယနေ့ USDP ပါတီမှ ပြုလုပ်သည့် “ရန်ကုန်ခရီးသွား ဒို့ အလေးထားဆွေးနွေးပွဲ” တွင် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခုကို အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) မှဦးဆောင်ကာဆွေးနွေးပွဲတစ်ခု ယနေ့  (ဖေဖော်ဝါရီလ ၂၄ ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများ ခံစားနေရကြောင်း၊ အကြပ်အတည်းများဖြစ်နေကြာင်း ပြောခဲ့ပြီး ပြည်သူ့အသံများ သိစေချင်၍ ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောသည်။

“ ဒီနေ့လုပ်တဲ့ပွဲဆိုရင် ပြည်သူတွေခံစားနေရတယ်။ ဒီ YBS ကြောင့်အကြပ်အတည်းတွေဖြစ်တယ် ဒါအမှန်တရားပဲ ။ ကိုယ်တို့ပါတီကနေလုပ်တာမဟုတ်ဘူး။  ပြည်သူတွေကြားမှာဖြစ်နေတဲ့ အသံတွေ ပြသာနာတွေ။ ဒါတွေကို စုပြီးတော့မှ၊ အစိုးရ သိအောင်၊  စုပြီးတော့ ပြုပြင်နိုင်အောင်လို့ အကောင်းဆုံးမူဝါဒတွေ ချမှတ်ပေးနိုင်အောင်လို့ ၊ ပြည်သူတွေရဲ့အခြေနေ၊  ကုန်ဆုံးနေတဲ့အချိန်တွေ၊   ငွေကြေးတွေ ၊ ဒုက္ခတွေကို ပြေလည်သွားစေချင်လို့ ဒီဟာကိုလုပ်တာပါ ” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Melia Hotel တွင် ယနေ့ ဖေဖော်ဝါရီ ၂၄ ပြုလုပ်သည့် “ရန်ကုန်ခရီးသွား ဒို့ အလေးထားဆွေးနွေးပွဲ” အပြီးတွင် ပြောခဲခြင်းဖြစ်သည်။

YBS စနှစ်သစ် စတင်သည်မှာ တစ်လတာကြာခဲ့ပြီဖြစ်သော်လည်း ကားစီးနင်းသူများ အဆင်မပြေမှုအများအပြားကို ဆက်လက်ကြုံတွေ့နေဆဲဟု ကုန်ပစ္စည်းလိုက်ပို့သည့်  ( Door to Door ) အလုပ်ကို လုပ်ကိုင်သည့် ပုဇွန်တောင်မြို့နယ်နေ ကိုကျော်ဦးက ပြောသည်။

“ အဲ့တော့ မနက်ကို ညနေမိုးချုပ်ဘတ်စ်ကားစီးပြီးတော့ တစ်အိမ်တက်ဆင်း လိုက်ပို့ရတယ်ခင်ဗျ။ အရင် မ.ထ.သ လက်ထက်တုန်းက နည်းနည်း ပိုအဆင်ပြေတယ်။ ပြေတယ်ဆိုတာ ကားသမားတွေ စည်းကမ်းမရှိတာကလွဲရင် ကျန်တဲ့ သွားရ၊ လာရ အချိန်ကုန်သက်သာတာရှိခဲ့တယ်ပေါ့နော် ။ YBS ပြောင်းတဲ့အချိန်မှာ ဘာတွေဖြစ်လာလဲဆိုတော့ အရင်တစ်ဆင့်စီးရတာကို သုံးဆင့်စီးရတာတွေ ရှိလာတယ်။ အရင် ကျွန်တော် ပစ္စည်းပို့မယ်ဆို ၇ ခေါက် ၈ခေါက်လောက် ပို့လို့ရတယ်။ ကားခကုန်ကျစရိတ်က တစ်ရက်ကို ၂၅၀၀၊ ၃၀၀၀ လောက် ကုန်တယ်။ အခုကြ ၃၅၀၀၊ ၄၀၀၀ လောက် ပိုကုန်လာတယ်။ ပစ္စည်းပို့တာကလည်း ၄ခေါက် ၅ခေါက်လောက်ပဲ ပို့နိုင်တော့တယ်” ဟု ကိုကျော်ဦးက  ပြောသည်။

အဆိုပါပွဲကို USDP မှတာဝန်ရှိသူများ၊ ယာဉ်ပိုင်ရှင်အချို့နှင့် ခရီးသွားပြည်သူအချို့တို့က ရန်ကုန် ဘတ်စ်ကားစနစ်သစ် YBS နှင့်ပက်သက်ပြီး ကောင်းကျိုးဆိုးကျိုးများကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိ YBS စနစ်သစ်တွင် ဘတ်စ်ကားစီးရေ ၃,၅ဝဝ ကျော် ပြေးဆွဲနေပြီး အဆိုပါကား စနစ်သစ်နှင့် ပက်သက်ပြီး ဝေဖန်မှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required