မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီး

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့တွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီး

ဇူလိုင် ၁၅ ရက်မှ စတင်၍  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒုက္ခကြံုံတွေ့နေရသူများ အတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ စားနပ်ရိက္ခာများ ပေးပို့လျှက်ရှိရာ စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် ရေဘေးသင့်ပြည်သူများနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် ဆေးဝါးများ၊ အစားအသောက်များနှင့် အဝတ်အထည်ပစ္စည်းများကို ကန့်ဘလူမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေး အလှူပစ္စည်း လက်ခံရာဌာနများမှ တစ်ဆင့် ရေဘေးဒုက္ခသည်များထံ ပေးပို့လှူဒါန်းမှုရှိသကဲ့သို့ တိုက်ရိုက်ပေးပို့ လှူဒါန်းမှုများလည်း ရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ကန့်ဘလူမြို့နယ်အတွင်း ငါးမွေးမြူရေးကန် ဧကပေါင်း ၃၂ ဒသမ ၅၂ ဧက ၏ တာပေါင်များ ကျိုးပဲ့၍ ငါးကန်ရေလျှံမှုများ ဖြစ်ပွားပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ကျေးရွာအချို့တွင်လည်း လူနေအိမ်များသို့ ရေလွှမ်းမိုးခြင်းနှင့် မြေသားလမ်းများ ပျက်စီးသွားမှုတို့ကြောင့် ယာဉ်များသွားလာမှု ရပ်ဆိုင်းထားရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး စဉ့်ကူးမြို့နယ်အတွင်း ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် မိုးများအဆက်မ ပြတ်ရွာသွန်းမှုများကြောင့် ရေမျက်ကျေးရွာတွင် မိုးရေနှင့် အတူ သဲများစီးဆင်းပြိး လူနေအိမ် ၄၀ ခန့်အတွင်းသို့ သဲခြောက်လက်မမှ တစ်ပေခန့်အထိ ရောက်ခဲ့ပြီး နေအိမ်လေးလုံးခန့် ပြိုကျခဲ့သည်။

ဇွန်နှင့် ဇူလိုင်လများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် လယ်ယာမြေ သီးနှံထိခိုက်ပျက်စီးမှုများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

တိုင်းဒေသကြီး/ပြည်နယ်    ရေနစ်မြုပ်မှုဧက     ရေပြန်ကျဧက  ထိခိုက်ဧက         ပျက်စီးဧက
ကချင်ပြည်နယ်                   ၁၃၇၃                     ၃၄၉၁              ၁၇၈၉          ၇
ရခိုင်ပြည်နယ်                     ၂၉၁၅                     ၂၉၁၅              ၂၁၇၁          ၁၄၄၀
ရှမ်းပြည်နယ်                      ၁၃၆                       -                    ၁၃၆            -
စစ်ကိုင်းတိုင်း                      ၈၆၉၈၂                   ၅၃၉၅၈            ၂၆၁၃၂        ၂၈၃၃
ပဲခူးတိုင်း                           ၁၃၂၇                     -                    ၁၀၇၉          -
ရန်ကုန်တိုင်း                       ၈၄၉                       ၈၄၉                ၈၄၉            -

မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း ဇူလိုင် ၂၇ ရက်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၂၅ ရက် က ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly