ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်မှာ တရားဥပဒေစောင့် ဂရိနတ်သမီးရုပ်တု ထားရှိ၍ ဖယ်ရှားဖျက်ဆီးရန် ဆန္ဒပြတောင်းဆိုနေ

ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်မှာ တရားဥပဒေစောင့် ဂရိနတ်သမီးရုပ်တု ထားရှိ၍ ဖယ်ရှားဖျက်ဆီးရန် ဆန္ဒပြတောင်းဆိုနေ

ဒါကာ၊ ဖေဖော်ဝါရီ ၂၄ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားရုံးချုပ်မှာ ဂရိနတ်သမီးတစ်ပါးရဲ့ ရုပ်တု ထားရှိထားတာကို ဖယ်ရှားဖျက်ဆီးရန် သဘောတားတင်းမာတဲ့ ဘင်္ဂလားဒေ့ရှ်အစ္စလာမ်မစ်အုပ်စုကို  ထောက်ခံသူ ရာပေါင်းများစွာက ဖေဖော်ဝါရီ ၂၄ မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

နိုင်ငံ၏ ထိပ်တန်းတရားရုံးချုပ်ဝင်းအတွင်း ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ တရားရေးနှင့် ဥပဒေစိုးမိုးရေးကို ကိုယ်စားပြုတဲ့ မျက်စိအဝတ်စည်းထားတဲ့ Themis တရားဥပဒေစောင့် နတ်သမီးရုပ်တုကို ထားရှိတာက မွတ်စလင်အများစုနိုင်ငံမှာ စိတ်ဆိုးဒေါသထွက်စရာဖြစ်နေပါတယ်။

တင်းကြပ်တဲ့ ဘာသာရေးအယူရှိတဲ့ ဟီဇာဇက်အီအစ္စလာမ် အုပ်စုက ဦးဆောင်ပြီး ဖေဖော်ဝါရီ ၂၄ ရက် သောကြာနေ့ဝတ်ပြုဆုတောင်းအပြီးမှာ ဒါကာမြို့တွင်းက လမ်းတွေမှာ ဆန္ဒပြပြီး ရုပ်တုကို ချက်ချင်းဖယ်ရှားဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

“တရားရုံးချုပ်ဝင်းအတွင်းက နတ်သမီးရုပ်တုကို ဖယ်ရှားပြီး ကိုအာန်ကျမ်းနဲ့ အစားထိုးပါ။”စတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး ဆန္ဒပြသူတွေက ဟစ်ကြွေးကြပါတယ်။

ရှေးဟောင်းဂရိဒဏ္ဍာရီအရ Themis နတ်သမီးဟာ မျက်စိကို အဝတ်နဲ့ ပိတ်ဆီးထားပြီး လက်တွေထဲ တရားဥပဒေချိန်ခွင်လျှာကို ကိုင်ဆောင်ထားဟန် ပုံဖော်ထားတဲ့ ဂရိနတ်သမီးရုပ်တုဖြစ်ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံတွေမှာ တရားမျှတမှု၊ ဥပဒေနဲ့ ဓလေ့ထုံးစံတွေကို ကိုယ်စားပြုမှုအဖြစ် Themis နတ်သမီးကို အသုံးပြုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်မစ်အမာခံတွေက ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ မွတ်စလင်ထုံးတမ်းစဉ်လာတွေ လွှမ်းခြုံထည့်သွင်းဖို့ ကြိုးစားနေတဲ့ကာလမှာ အခုဆန္ဒပြမှု ဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required