အက်ရှ်လေယန်းကိုပေါင် ၁၀ သန်းဖြင့် ရှန်းတုန်းလူနင်အသင်းကမ်းလှမ်းမည်

အက်ရှ်လေယန်းကိုပေါင် ၁၀ သန်းဖြင့် ရှန်းတုန်းလူနင်အသင်းကမ်းလှမ်းမည်

ဖေဖော်ဝါရီ ၂၄၊ မန်ချက်စတာ။            ။ တရုတ်စူပါလိဂ်ကလပ်ရှန်းတုန်းလူနင်အသင်းသည် လာမည့်တစ်ပတ်တရုတ်အပြောင်းအရွှေ့ဈေးကွက်မပိတ်မီတွင် မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အက်ရှ်လေယန်းကို ပေါင် ၁၀ သန်းဖြင့်ကမ်းလှမ်းရန် ပြင်ဆင်နေသည်။

ရှန်းတုန်းလူနင်အသင်းကိုကိုင်တွယ်နေသည့် ဖူလ်ဟမ်နည်းပြဟောင်း ဖီးလစ်မာဂတ်သည် အက်ရှ်လေယန်းကိုခေါ်နိုင်ရန် ဇန်နဝါရီလကတည်းကကြိုးစားခဲ့ပြီး လာမည့်တစ်ပတ်အပြောင်းအရွှေ့မပိတ်မီ အောင်မြင်စွာခေါ်ယူနိုင်မည်ဟုမျှော်လင့်နေသည်။

မော်ရင်ဟိုလက်အောက်တွင် အကန့်သတ်ဖြင့်သာ ပွဲထွက်ခွင့်ရနေသော ယန်းအနေဖြင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့လျှင် ပုံမှန် ပွဲထွက်ခွင့်ရနိုင်သည်ကို နားလည်သဘောပေါက်ထားသည်။

တောင်ပံတိုက်စစ်သမားမှာ လက်ရှိရာသီတွင် ခုနစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရထားပြီး တခါတရံတွင် ကစားနေကျနေရာမဟုတ်သည့် ညာနောက်ခံလူအဖြစ် ကစားနေရသည်။

သို့သော် မော်ရင်ဟိုအနေဖြင့် ယန်းကိုပွဲထွက်ခွင့်ကန့်သတ်ထားသည့်တိုင် ယူနိုက်တက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်ကြိုးပမ်း နေခြင်း၊ အက်ဖ်အေဖလား၊ EFL ဖလားနှင့် ယူရိုပါလိဂ်ဖလားပြိုင်ပွဲတို့တွင် ကစားနေရဆဲဖြစ်နေခြင်းကြောင့် အသင်းမပြောင်း အောင်ဖျောင်းဖျဖွယ်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required