ဂျိမ်းစ်ဘွန်းအဖြစ် ဒန်နီရယ်လ်ခရိတ် ပြန်လည်သရုပ်ဆောင်နိုင်သည်ဟု နာအိုမီဟားရစ်ပြော

ဂျိမ်းစ်ဘွန်းအဖြစ် ဒန်နီရယ်လ်ခရိတ် ပြန်လည်သရုပ်ဆောင်နိုင်သည်ဟု နာအိုမီဟားရစ်ပြော

အော်စကာဆုအတွက် လျာထားခံထားရသော မင်းသမီးဖြစ်သူ နာအိုမီဟားရစ်က ဂျိမ်းစ်ဘွန်းဇာတ်ကောင်မှ အနားယူတော့မည်ဟု ပရိတ်သတ်များ ထင်ကြေးပေးနေကြသော မင်းသားဒန်နီရယ်လ်ခရိတ်သည် ၀၀၇ အေးဂျင့်ဂျိမ်းစ်ဘွန်းအဖြစ် ပြန်လည် သရုပ်ဆောင်နိုင်သည်ဟု ပြောခဲ့သည်။

Moonlight ဇာတ်ကားဖြင့် အော်စကာဆုအတွက် လျာထားခံရသည့် အသက်၄၀အရွယ် ဟားရစ်က ဘာကင်ဟမ် နန်းတော်တွင် ဘုရင်မကြီးက ချီးမြှင့်သည့် OBE ဆုကို လက်ခံရယူချိန်တွင် ယခုလိုပြောခဲ့ခြင်းဖြစ်သည်။

“ထုတ်လုပ်သူတွေဟာ ဒန်နီရယ်လ်နေရာကို အစားထိုးတော့မယ်လို့ကျွန်မ မထင်မိပါဘူး”ဟု သူမက ပြောခဲ့သည်။

ဒါ့အပြင် “ဒန်နီရယ်လ် ပြန်လာဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒီအခြေအနေမှာ တခြားသူတစ်ယောက် ကိုသူ့နေရာမှာ အစားထိုးမယ်ဆိုတာ အရမ်းကို စောလွန်းတယ်လို့ ကျွန်မထင်ပါတယ်” ဟုလည်းပြောခဲ့သည်။

OBE ဆုကို လောလောလတ်လတ် ပိုင်ဆိုင်ထားသော ဟားရစ်က “ နောက်ဆုံးထွက်ရှိထားသော ဂျိမ်းစ်ဘွန်းကား နှစ်ကားဖြစ်တဲ့ Spectre နဲ့ Skyfall တို့ဟာ ထွက်ဖူးသမျှ ဘွန်းကားတွေထဲမှာ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပါတယ် ဒါဟာ ပရိတ်သတ်တွေက ဒန်နီရယ်လ်ကို ဘွန်းအဖြစ် နှစ်သက်ကြောင်း ပြနေတာပဲဖြစ်ပါတယ်။ ပြီးတော့လည်း သူတို့ဒန်နီရယ်လ်ကို ဘွန်းအနေနဲ့ ပြန်လာဖို့ အလွန်မျှော်လင့်နေကြပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required