တရုတ်နဲ့ မက္ကဆီကိုထံ ရောက်သွားရတဲ့ အလုပ်အကိုင်တွေကို ပြန်လည်ခေါ်ယူမည်ဟု ထရမ့်ပြော

တရုတ်နဲ့ မက္ကဆီကိုထံ ရောက်သွားရတဲ့ အလုပ်အကိုင်တွေကို ပြန်လည်ခေါ်ယူမည်ဟု ထရမ့်ပြော

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ။                    ။ တရုတ်နဲ့ မက္ကဆီကိုတို့လို နိုင်ငံတွေဆီ ရောက်ရှိသွားရတဲ့ အလုပ်အကိုင်တွေကို ပြန်လည်ခေါ်ယူနိုင်ရေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတ   ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ခုလို ပြည်တွင်းမှာ ဆုံးရှုံးရတဲ့ အလုပ်အကိုင်တွေ ပြန်လည်ခေါ်ယူဖို့ စီးပွားရေးနဲ့ ကုန်သွယ်ရေးပေါ်လစီတွေအပေါ် ပစ်မှတ်ထားသွားမှာဖြစ်ကြောင်း ကုမ္ပဏီစီအီးအိုတွေနဲ့ တွေ့ဆုံမှုတစ်ရပ်မှာ ထရမ့်က ပြောပါတယ်။

အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အမေရိကန်ကုမ္ပဏီကြီး ၂၀ ကျော်က စီအီးအိုတွေနဲ့ တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို ထရမ့်က “ ကျွန်တော်တို့အစိုးရရဲ့ ပေါ်လာစီနဲ့ စည်းမျဉ်းစည်းကမ်း   ပြုပြင်ပြောင်းလဲမှုတွေ၊ အခွန်ပြုပြင်ပြောင်းလဲမှု၊ ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုတွေက နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုတွေကို   ပြန်လည်ခေါ်ယူဆောင်ကြဉ်းနိုင်မှာဖြစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

“အရာရာက အလုပ်အကိုင်တွေ ပြည်တွင်း ပြန်ရောက်ရေး အခြေခံပေါ်ကနေ သွားနေပါတယ်။ အလုပ်အကိုင်တွေ အပ်ချမတ်ချ ပြန်လည်ဆောင်ကြဉ်းနိုင်မှာ ဖြစ်ပါတယ်။”လို့ ထရမ့်က ဆိုပါတယ်။

အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က ၁၉၉၄ မှာ မြောက်အမေရိကလွတ်လပ်သောကုန်သွယ်မှုသဘောတူညီမှုကို လက်မှတ်ရေးထိုးပြီးချိန်ကစပြီး အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှု အလုပ်အကိုင်ပေါင်း သုံးပုံတစ်ပုံ ဆုံးရှုံးမှုဖြစ်ခဲ့ရတယ်လို့ ထရမ့်က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required