နည်းပြ ရာနီရေးရီကို ရာထူးမှ လက်စတာအသင်း ထုတ်ပယ်

နည်းပြ ရာနီရေးရီကို ရာထူးမှ လက်စတာအသင်း ထုတ်ပယ်

လက်စတာဟာ နည်းပြ ရာနီရေးရီကို ရာထူးမှ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ ရာနီရေးရီဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူအပြီး ၉ လ အကြာမှာ ထုတ်ပယ်ခံခဲ့ရတာလဲဖြစ်ပါတယ်။

ယခုလအစောပိုင်းက လက်စတာအသင်းပိုင်ရှင် ဗီချိုင်းက ရာနီရေးရီကို ရာထူးအတွက် အခိုင်အအမာ ထောက်ခံအားပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ၆ ပွဲမှာ လက်စတာအသင်းဟာ ဂိုးသွင်းယူနိုင်ခြင်း မရှိတဲ့အပြင် ချန်ပီယံလိဂ်မှာ ဆီဗီလာကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာနီရေးရီကို ထုတ်ပယ်ရန် ဖြစ်လာခဲ့ပါတယ်။

လက်စတာအသင်းဟာ လက်ကျန်လိဂ်ပွဲ ၁၃ ပွဲ ကစားရန်လိုချိန်မှာ တန်းဆင်းဇုန်အထက် တစ်မှတ်အကွာမှာ ရပ်တည်နေတာကြောင့် လက်စတာအသင်းက အခုလို အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

"အခုလို အောင်မြင်ရရှိဖို့ အကူအညီပေးတဲ့အတွက် ကျနော်တို့ သူ့ကို အမြဲတမ်း ကျေးဇူးတင်ရပါလိမ့်မယ်။ ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်ရှင်သန်မှုက ကျနော်တို့ရဲ့ ပထမဦးစားပေးဖြစ်ပြီး လက်ရှိအချိန်မှာ အပြောင်းအလဲပြုလုပ်ဖို့ လိုအပ်နေတာကြောင့် အခုလို လမ်းခွဲခဲ့တာဖြစ်တယ်"လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

Ref; Daily Mail, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required