ပြင်သစ်မှာ လူမည်းလူငယ်တစ်ဦးကို ရဲက ရော်ဘာတုတ်ဖြင့် မဖွယ်မရာပြုကျင့်ရာမှာ ကျောင်းသားလူငယ်များ ဆန္ဒပြမှုဖြစ်ကာ ထိပ်တိုက်တွေ့

ပြင်သစ်မှာ လူမည်းလူငယ်တစ်ဦးကို ရဲက ရော်ဘာတုတ်ဖြင့် မဖွယ်မရာပြုကျင့်ရာမှာ ကျောင်းသားလူငယ်များ ဆန္ဒပြမှုဖြစ်ကာ ထိပ်တိုက်တွေ့

ပါရီ၊ ဖေဖော်ဝါရီ ၂၃ ။        ။ ပြင်သစ်နိုင်ငံ ပါရီမြို့က Place de la Nation နေရာမှာ ကျောင်းသားလူငယ်ထု ရာနဲ့ချီ စုရုံးပြီး လူမဆန်တဲ့ ရဲလုပ်ရပ်ကို ဆန့်ကျင်ကာ ဆန္ဒပြကြပါတယ်။

ပါရီမြို့စွန်မှာ လူငယ်တစ်ဦးကို ရဲက ရော်ဘာတုတ်နဲ့ မဖွယ်မရာဆက်ဆံမှုပြုခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်မှာ ဆန္ဒပြမှုတွေ ထပ်မံဖြစ်ပွားလာတာဖြစ်ပြီး ပါရီမြို့တွင်းက အထက်တန်းကျောင်းသူကျောင်းသားတွေနဲ့ ရဲနဲ့ ထိပ်တိုက်တွေမှုတွေ ဖြစ်ပွားပါတယ်။

မြို့တစ်နေရာမှာ အထက်တန်းကျောင်းသားတွေနဲ့ ရဲတာဝန်ရှိသူတွေကြား ထိပ်တိုက်တွေ့မှုတစ်ရပ်ဖြစ်ပွားရာက တင်းမာမှုက ကြီးထွားပျံ့နှံ့ခဲ့တာပဲဖြစ်ပါတယ်။

ကျောင်းသားတွေက လမ်းလယ်မှာ ပလတ်စတစ်ဘူးတွေ မီးရှို့ကြရာ ရဲက လူစုခွဲရန် မျက်ရည်ယိုဓာတ်ငွေ့ သုံးကြောင်း မျက်မြင်တွေက ပြောပါတယ်။

မြို့တွင်းက အထက်တန်းကျောင်း တစ်ဒါဇင်ဝန်းကျင်မှာ မနက်ပိုင်းက ကျောင်းသားတွေက အမှိုက်ပုံးတွေနဲ့ ဝင်ပေါက်တွေကို ပိတ်ဆို့ထားကြတာဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့ ဆူပူလှုပ်ရှားမှုတွေက ပါရီမြို့တော်တွင်းက အထက်တန်းကျောင်း ၁၅ ကျောင်းမှာ ဖြစ်ပွားနေတဲ့ သတင်းရကြောင်း ရဲဌာနက ဆိုပါတယ်။

ဖေဖော်ဝါရီ အစောပိုင်းမှာ အသက် ၂၂ နှစ်ရှိ သီယို(နာမည်အပြည့်အစုံမဟုတ်)ဆိုတဲ့ လူမည်းလူငယ်တစ်ဦးကို မှတ်ပုံတင်စစ်ဆေးမှု လုပ်စဉ်အတွင်း ရဲတွေက ကိုယ်ထိလက်ရောက်ပြုမှုပြီး ရော်ဘာတုတ်နဲ့ မဖွယ်မရာ ပြုကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ရာကနေ ဆန္ဒပြမှုတွေ ဖြစ်ပွားလာတာပါ။

အခုဆန္ဒပြမှုမှာတော့ ရာပေါင်းများစွာသော ကျောင်းသားတွေက လမ်းပေါ်ထွက်ပြီး “လူတိုင်း ရဲကို မုန်းတယ်။” ကြွေးကြော်သံများနဲ့ “သီယိုအတွက် လက်စားချေကြ”စာတမ်းများ ကိုင်ဆောင်ဆန္ဒပြပါတယ်။

ပါရီမြို့တွင်းက အထက်တန်းကျောင်း ၁၆ ကျောင်းမှာ ဆန္ဒပြသူတွေက လုံးလုံးပိတ်ဆို့ထားကြပြီး အခြား ၁၂ ကျောင်းမှာလည်း ပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required