ကင်မ်ဂျံုနမ် သေဆုံးမှု မလေးရှားတွင် အဓိက တာဝန်ရှိဟု မြောက်ကိုရီးယားစွပ်စွဲ

ကင်မ်ဂျံုနမ် သေဆုံးမှု မလေးရှားတွင် အဓိက တာဝန်ရှိဟု မြောက်ကိုရီးယားစွပ်စွဲ

ဖေဖော်ဝါရီ ၂၃ ။                 ။ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုအပေါ် စုံစမ်းစစ်ဆေးရာတွင် မလေးရှားတို့အနေဖြင့် မမှန်မကန် ကိုင်တွယ်လုပ်ဆောင်နေကြောင်း၊ ယခုကိစ္စကို နိုင်ငံရေးအရ အသုံးချနေကြောင်း မြောက်ကိုရီးယားဘက်က ထုတ်ဖော်စွပ်စွဲသွားခဲ့သည်။

ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အကို ကင်မ်ဂျုံနမ် သေဆုံးခဲ့ပြီး ဆယ်ရက်ခန့်အကြာထိ မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက နှုတ်ဆိတ်နေခဲ့ပြီး ယခု ဖေဖော်ဝါရီ ၂၃ ရက်မှ မလေးရှားဘက်ကို ထုတ်ဖော်စွပ်စွဲလာခဲ့ခြင်း ဖြစ်သည်။

ယခု သေဆုံးမှု ဖြစ်စဉ်တွင် မလေးရှားတို့အနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် တောင်ကိုရီးယားနှင့်ပါ ပေါင်းကြံနေကြောင်း ပြုံးယမ်း အစိုးရပိုင် မီဒီယာက ထုတ်ဖော်စွပ်စွဲသွားသည်။

" ကင်မ်ဂျုံနမ် အလောင်းကို မြောက်ကိုရီးယားကို လွှဲပေးဖို့ မလေးရှားမှာ တာဝန်ရှိပါတယ်၊ ဒါပေမယ့် ဒီလိုမလုပ်ဘဲ သူတို့ဘာသာ ခွဲစိတ်စစ်ဆေးတာတွေလုပ်တာက တရားမဝင်ပါဘူး၊ မလုပ်သင့်တဲ့ ကိစ္စပါ" ဟုလည်း မြောက်ကိုရီးယားတရားရေးကော်မတီက ပြောကြောင်း ယင်းသတင်းအေဂျင်စီက ထုတ်ပြန်သွားသည်။

တစ်ချိန်တည်းတွင်မှာလည်း ယခုကဲ့သို့ ကင်မ်ဂျုံနမ်လုပ်ကြံခံရမှု ကိစ္စနှင့်ပတ်သက်၍ တောင်ကိုရီးယားတို့ကလည်း နယ်စပ်တစ်လျှောက်   လော်စပိကာများဖြင့်   မြောက်ကိုရီးယားဘက်ကို   အော်ဟစ်ပြစ်တင်ပြောဆိုမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required