NCA လက်မှတ်ထိုးပြီးသည့် နှစ်ဘက်တပ်များအကြား မိုင်းရှင်းလင်းရေးကိစ္စများ ဆောင်ရွက်နိုင်ခြင်း မရှိ

NCA လက်မှတ်ထိုးပြီးသည့် နှစ်ဘက်တပ်များအကြား မိုင်းရှင်းလင်းရေးကိစ္စများ ဆောင်ရွက်နိုင်ခြင်း မရှိ

 ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ။          ။ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို နိုင်ငံရေးပြဿနာများကြောင့် မပြုလုပ်နိုင်ဟု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) အလုပ်အဖွဲ့၏ အလုပ်အမှုဆောင်ညွှန်ကြား ရေးမှူးဒေါက်တာမင်းဇော်ဦးက ပြောသည်။

“JMC မှာ ပြောတဲ့အခါ မူအရ လူသားချင်းစာနာထောက်ထားတဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်မယ်။ တကယ်အကောင်အထည်ဖော်မယ့်အခါမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အဲ့ဒီဟာကို ကျေလည်အောင် ဆွေးနွေးဖို့ အချိန်ယူချင်တယ်” ဟု ၎င်းက ပြောသည်။  

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အခန်း(၃) ပုဒ်မခွဲ(င)တွင် နှစ်ဖက်တပ်များ ချထားသည့်မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို   နိုင်ငံရေး ပြဿနာများကြောင့် အစိုးရနှင့်ညှိနှိုင်းပြီး ရှင်းလင်းသွားရန်ဟု ထည့်သွင်းဖော်ပြထားသည်။

NCA စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့်အစိုးရတို့အကြား ၂၀၁၅ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သည်။သို့သော် ယနေ့အချိန်ထိ အဆိုပါ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးပြီး တပ်ဖွဲ့များအကြား မိုင်းရှင်းလင်းရေးဆိုင်ရာကိစ္စရပ်များ မစတင်နိုင်သေးပေ။

သို့သော် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လုပ်ဆောင်သွားမည်မဟုတ်ဘဲ ပေါ်လစီချထားပေးပြီး နှစ်ဘက်တပ်များအကြား ညှိနှိုင်းဆောင်ရွက်ပေးရန်သာဖြစ်သည်။

JMC-U အနေဖြင့် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ ပထမအဆင့်တွင် ပဋိပက္ခဖြစ်ပွားရာေ ဒသတချို့တွင် ရှေ့ပြေးစီမံကိန်း(ပိုင်းလော့ပရောဂျက်)အနေဖြင့် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရှေ့ပြေးစီမံကိန်းအောင် မြင်မှုအပေါ်မူတည်ပြီး တိုးချဲ့ဆောင်ရွက်သွားရန် လျာထားသည်။

ထိုသို့ မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ရန် နှစ်ဘက်တပ်များအကြား နိုင်ငံရေးအရ ဆွေးနွေး မှုများ မပြေလည်မှုအပေါ် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်ရန် အခက်အခဲဖြစ်နေ ခြင်းဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ပြောသည်။ ကရင်ပြည်နယ်အတွင်းမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဧပြီလအတွင်းစတင်လုပ် ဆောင်သွားနိုင်ရန် စီစဉ်ထားသည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့် ရေးကော်မတီ (JMC-U) အတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်က  ပြောသည်။

“မိုင်းရှိတဲ့နေရာတွေမှာ ရှင်းလင်းသွားဖို့ ယေဘုယျဆွေးနွေးထားတာပါ။ အဓိကကတော့ ကရင်ပြည်နယ်ကို စပြီးတော့ လုပ်ဖို့တော့ စီမံထားထာရှိပါတယ်” ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို လာမည့်ဧပြီလမှာ စတင်ရန် ဆွေးနွေးထားပြီးအဆိုပါမိုင်းရှင်းလင်းရေးလုပ်ငန်းအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့(JCB)ကို တင်ပြထားကြောင်း ဗိုလ်မှူးကြီးဝဏ္ဍအောင်ထံမှ သိရသည်။

 ၂၀၁၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ကရင်ပြည်နယ်အတွင်း DKBA ခွဲထွက် အဖွဲ့များနှင့် တပ်မတော်၏နယ်ခြားစောင့်တပ်ဖွဲ့တို့   ကရင်ပြည်နယ်၊ မဲသဝေါဒေသအတွင်း ဖြစ်ပွားခဲ့ သည့်အဆိုပါတိုက်ပွဲများကြောင့့် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်သည် မိမိနေရပ်များ စွန့်ခွာကာ ကရင်ပြည်နယ်  မြိုင်ကြီးငူဒေသ၌ ဘုန်းတော်ကြီးကျောင်းတွင် လက်ရှိအချိန်ထိ ခိုလှုံနေ ဆဲဖြစ်သည်။

ထို စစ်ရှောင်ဒုက္ခသည်များသည် မိုင်းအန္တရာယ်နေခြင်းကြောင့် မိမိနေရပ်သို့ မပြန်နိုင်ခြင်းဖြစ်ကြောင်း၊ မိုင်းရှင်းလင်းရန် သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများလည်း ညှိနှိုင်းမှုပြုလုပ်ရန် အခက်အခဲရှိနေကြောင်း ကရင်ပြည်နယ် (JMC-S)အတွင်းရေးမှူး နန်းစေးအွာက ပြောသည်။

 တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးပူးတွဲကော်မတီ(JMC-S) အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဇန်နဝါရီလအတွင်းပြုလုပ်ခဲ့သည့် အစည်းအ ဝေးတွင် စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း အဆိုပါကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးဇော်လွင်က ပြောသည်။

 မြန်မာနိုင်ငံတွင်၁၉၉၉ခုနှစ်မှ၂၀၁၅ခုနှစ်အတွင်းကောက်ယူရရှိထားသောစာရင်းများအရမြေမြုပ်မိုင်းကြောင့်သေဆုံးသူ ၄၁၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၁၅၆ ဦး ရှိကြောင်း၊ ၂၀၁၆ခုနှစ်တွင် ထုတ်ဝေသော မြေမြုပ်မိုင်းလေ့လာစောင့်ကြည့်ရေး၊ မြန်မာနိုင်ငံအစီအရင်ခံစာတွင် ဖော်ပြထားပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှုန်းမှာ အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် တတိယနေရာတွင် တည်ရှိနေကြာင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required