ချယ်လ်ဆီးနှင့် ကစားရမည့် အက်ဖ်အေဖလားပွဲစဉ်ဇယားကို ဒေါသထွက်သော်လည်း မန်စီးတီးကဲ့သို့ မလေးမစားမလုပ်ဟု မော်ရင်ဟိုပြော

ချယ်လ်ဆီးနှင့် ကစားရမည့် အက်ဖ်အေဖလားပွဲစဉ်ဇယားကို ဒေါသထွက်သော်လည်း မန်စီးတီးကဲ့သို့ မလေးမစားမလုပ်ဟု မော်ရင်ဟိုပြော

ဖေဖော်ဝါရီ ၂၃၊ မန်ချက်စတာ။            ။ ယူရိုပါလိဂ်ဒုတိယအကျော့အဆုံးအဖြတ်ပွဲ ကစားရမည့် ရက်သတ္တပတ်တွင် တနင်္လာည၌ ချယ်လ်ဆီးအသင်းနှင့် အက်ဖ်အေဖလားပွဲ ကစားရမည်ဖြစ်၍ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ဒေါသထွက်နေသော်လည်း မန်စီးတီးကဲ့သို့ အက်ဖ်အေဖလားကို မလေးမစားလုပ်မည်မဟုတ်ဟု ပြောသည်။

မန်ချက်စတာယူနိုက်တက်အသင်းသည် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ၄ ရက်အလို မတ်လ ၁၃၊ တနင်္လာညတွင် အက်ဖ်အေဖလားကွာတားဖိုင်နယ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ကစားရမည်ဖြစ်သည်။

ယူရိုပါလိဂ်နောက်တစ်ဆင့်တက်ခွင့်အဆုံးဖြတ်ပွဲရှိနေသော်လည်း ရုပ်သံစပွန်ဆာသဘောတူညီချက်အရ တနင်္လာညတွင် အဝေးကွင်း၌ ချယ်လ်ဆီးအသင်းနှင့် သွားကစားရမည်ဖြစ်၍   မော်ရင်ဟိုက   ဒေါသထွက်နေခြင်းဖြစ်သည်။

စီးတီးအသင်းသည်ပြီးခဲ့သည့်ရာသီ အက်ဖ်အေဖလားပဉ္စမအဆင့်တွင် ချယ်လ်ဆီးအသင်းနှင့်တွေ့ဆုံစဉ်က လူငယ်ကစားသမား ငါးယောက်ပွဲထုတ်ခဲ့ပြီး ၅-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

ထိုစဉ်ကစီးတီးနည်းပြပယ်လီဂရီနီသည် သုံးရက်အကြာတွင် ဒိုင်နမိုကိဗ်နှင့်ချန်ပီယံလိဂ်အဝေးကွင်းပွဲရှိနေ၍ ချယ်လ်ဆီးနှင့်ပွဲကို ရွှေ့ပေးရန်တောင်းဆိုခဲ့သော်လည်း မအောင်မြင်သဖြင့် အားနည်းသည့်လူစာရင်းကိုပွဲထုတ်ခဲ့ခြင်းဖြစ်သည်။

ယူနိုက်တက်အနေဖြင့်မူ ချယ်လ်ဆီးနှင့်ပွဲတွင် အားနည်းသည့်လူစာရင်းကိုပွဲထုတ်လာမည်မဟုတ်ဟု မော်ရင်ဟိုကပြောဆိုလိုက် သည်။

“ကျွန်တော်တို့ရဲ့ယူရိုပါလိဂ်မဲခွဲမှုမတိုင်မီမှာ အက်ဖ်အေဖလားပွဲဆုံးဖြတ်ချက်ထွက်လာလို့ တကယ်အံ့သြရပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့အနေနဲ့ ဘယ်အဆင့်မှာကစားရမယ်၊ ပထမပွဲနဲ့ ဒုတိယပွဲကိုဘယ်မှာကစားရမယ်ဆိုတာတွေကို ဘယ်သူမှမသိနိုင် သေးပါဘူး။

တနင်္လာမှာ ချယ်လ်ဆီးနဲ့ကစားပြီး နောက်ပွဲဖြစ်တဲ့ ဥရောပပွဲကို ရုရှ၊ တူရကီမှာ ကစားရမလား၊ ဂရိမှာကစားရမလားဆိုတာ အဲဒီအချိန်က မသိရသေးပါဘူး။

ချယ်လ်ဆီးနဲ့ပွဲကို အရန်တွေနဲ့မကစားနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ်က မန်ချက်စတာစီးတီးလို ယူ-၂၁ ကစားသမားတွေနဲ့ မကစားနိုင်ပါ ဘူး။ ကျွန်တော်အဲဒီလိုမလုပ်နိုင်ဘူး။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြတစ်ယောက်အနေနဲ့အဲဒီလိုမလုပ်နိုင်ဘူး။ အက်ဖ်အေဖလားကိုအဲဒီမလုပ်နိုင်ဘူး။ ဆုံးဖြတ်ချက်ကလည်း အက်ဖ်အေဖလားမှာ တာဝန်မရှိပါဘူး။

အက်ဖ်အေဖလားက လှပပြီးသမိုင်းကြောင်းကောင်းတယ်။ အက်ဖ်အေဖလားနဲ့ယူနိုက်တက်ပရိသတ်တွေကို တစ်တန်းထဲထားပါ တယ်။ ယူ-၂၁ တွေနဲ့မပြိုင်ဘူး။ သူတို့နဲ့ထိုက်တန်တယ်ဆိုရင်တောင် ကျွန်တော်အဲဒီလိုမလုပ်ဘူး”ဟု မော်ရင်ဟိုကဆိုသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required