နည်းပြနှင့်အဆင်မပြေသည့် ဂျူဗီနောက်ခံလူ ဘိုနုချီကို ခေါ်ယူရန် ချယ်လ်ဆီးနှင့် မန်စီးတီးတို့ အသင့်ရှိနေ

နည်းပြနှင့်အဆင်မပြေသည့် ဂျူဗီနောက်ခံလူ ဘိုနုချီကို ခေါ်ယူရန် ချယ်လ်ဆီးနှင့် မန်စီးတီးတို့ အသင့်ရှိနေ

ဖေဖော်ဝါရီ ၂၃၊ အင်္ဂလန် ။              ။ နည်းပြအယ်လီဂရီနှင့် အဆင်မပြေဖြစ်နေသည့် ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနုချီကို ခေါ်ယူရန် ချယ်လ်ဆီးအသင်းနှင့် မန်စီးတီး အသင်းတို့မှာ အသင့်ရှိနေကြသည်။

ချယ်လ်ဆီးနှင့် မန်စီးတီးတို့သည် ပရီးမီးယားလိဂ်တွင် လွှမ်းမိုးနိုင်ရန်အတွက် ပြီးခဲ့သည့်နှစ် အပြောင်းအရွှေ့ကာလကတည်းက ဘိုနုချီကို ခေါ်ယူရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။

သို့သော် ဘိုနုချီက ဂျူဗင်တပ်စ်အသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက တူရင်အခြေစိုက်ကလပ်အသင်းနှင့် ငါးနှစ်စာချုပ်သက်တမ်းတိုးခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဘိုနုချီသည် နည်းပြအယ်လီဂရီနှင့်အခြေအတင်ဖြစ်ခဲ့သောကြောင့် ပေါ်တိုအသင်းနှင့်ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ချန်လှပ်ခံခဲ့ရသည်။ ထို့ကြောင့် ၎င်းကို ခေါ်ယူလိုနေသည့်အသင်းများမှာ ပြန်လည်စိတ်ဝင်စားလာကြကာ အခြေအနေကို စောင့်ကြည့်နေကြသည်။

၂၀၁၅ ခုနှစ်အတွက် စီးရီးအေအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည့် ဘိုနုချီသည် ဂျူဗင်တပ်စ်အသင်း၏အဓိက ကစားသမားအဖြစ် ရှိနေသေးသော်လည်း နည်းပြနှင့်မပြေလည်သည့်အတွက် အနာဂတ်ကို စဉ်းစားနေပြီဟု အီတလီနာမည်ကြီး သတင်းစာများက ဖော်ပြခဲ့ကြသည်။

ရည်ညွှန်း The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required