အသက် ၉၃ နှစ်ပြည့် သမ္မတ မူဂါဘီ အနားယူဖို့ ဇင်ဘာဘွေ ပြည်သူအများစု ဆန္ဒရှိနေ

အသက် ၉၃ နှစ်ပြည့် သမ္မတ မူဂါဘီ အနားယူဖို့ ဇင်ဘာဘွေ ပြည်သူအများစု ဆန္ဒရှိနေ

ဖေဖော်ဝါရီ ၂၂ ။                     ။ ဇင်ဘာဘွေနိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ ရောဘတ် မူဂါဘီဟာ ယခုဆိုရင် အသက် ၉၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဆိုရင် ကမ္ဘာ့ သက်တမ်းအကြာဆုံး   နိုင်ငံအုပ်ချုပ်သူတစ်ဦးလည်း ဖြစ်နေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျူးတစ်ခုမှာတော့ ၎င်းအနေနဲ့ အာဏာကို ဆက်လက်ဆွဲကိုင်သွားဦးမှာ ဖြစ်တယ်လို့ ကြုံးဝါးသွားခဲ့တာကို တွေ့ရပါတယ်။ ကျန်းမာရေး ချိနည့် လာနေပုံပေါ်ပေမယ့်လည်း အာဏာကို လက်လွှတ်ဦးမယ့်ပုံ မရသေးပါဘူး။

တစ်ချိန်တည်းမှာပဲ ယင်းနိုင်ငံက သာမန်အရပ်သား ပြည်သူအများစုကတော့ ၎င်းတို့ သမ္မတကို အလိုမရှိတော့ဘဲ အနားယူစေချင်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

" ဒီနိုင်ငံကို သူ ဆက်မအုပ်ချုပ်သင့်တော့ပါဘူး၊ ကျွန်မတို့ ပြောချင်တာကတော့ သမ္မတ မူဂါဘီဟာ ဒီနိုင်ငံရဲ့ ခေါင်းဆောင်မလုပ်သင့်တော့ပါဘူး" ဟု ပြည်သူအမျိုးသမီးတစ်ဦးက ပြောသွားပါတယ်။

အခြားအမျိုးသားတစ်ဦးကလည်း " မူဂါဘီက ဒီမှာ အတော်ကြာနေပြီ၊ ဒါပေမယ့် ကျွန်တော်တို့ပြည်သူတွေအတွက် သူဘာမှ မလုပ်ပေးနိုင်ပါဘူး၊

ဒီကနေ့ဆိုရင် ပြည်သူတွေ တော်တော်လေးအခက်အခဲတွေ ကြုံနေရပါတယ်" ဟု လည်း ပြောသွားခဲ့ပါတယ်။

နိုင်ငံရေးအကဲဖြတ်ပညာရှင်တစ်ဦး ဖြစ်သည့် အက်ဘို မန်ဒါဇာကလည်း " သူ လောလောဆယ်တော့ မနားသေးဘူးလို့ပဲ ထင်ပါတယ်၊ သဘောကတော့ သူရုံးမှာပဲ သေချင်တယ် ထင်ပါတယ်၊ ပြည်သူတွေကတော့ တော်တော်လေး ဒေါသထွက်နေကြပါတယ်" ဟု ပြောသွားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က သမ္မတ မူဂါဘီရဲ့ မွေးနေ့ မွေးရက်မှာတော့ အတိုက်အခံတွေဘက်ကလည်း ၎င်းဟာ နိုင်ငံမှာ အသုံးမဝင်တော့တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းနဲ့ ပြဿနာတွေကို မရှင်းနိုင်သည့် သူဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required