နိုင်ငံတော်သမ္မတ ကလေးမြို့ရောက်ရှိ

နိုင်ငံတော်သမ္မတ ကလေးမြို့ရောက်ရှိ
ဓာတ်ပုံ-စည်သူထွန်း

ဖေဖော်ဝါရီလ ၂၂ ။            ။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကလေးမြို့သို့ရောက်ရှိနေပြီး ကလေးဒေသခံပြည်သူများ ဌာနဆိုင်ရာများ၊ မြို့မိမြို့မများနှင့် ကလေးမြို့တော်ခန်းမတွင် ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် တွေ့ဆုံခဲ့သည်။

သမ္မတကြီးက ချင်းအမျိုးသားနေ့ပွဲတော်အတွက် ချင်းပြည်နယ်လာရောက်ခြင်း ဖြစ်သော်လည်း ကလေးမြို့သို့ တမင်လာရောက်တွေ့ဆုံသလို သဘောထားပါကြောင်း ပြောခဲ့သည်။

ကလေးမြို့ခံများ၊ ရပ်မိရပ်ဖများအပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါ တက်ရောက်ခဲ့ပြီး ကလေးမြို့အတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ကလေးမြို့နယ် သောက်သုံးရေ ခမ်းခြောက်ခြင်းအတွက် မြေအောက်သုတေသနပြုကာကွယ်နိုင်ရေး၊ ကလေးမြို့ တောင်ဘက် ကျေးရွာများဖွံ့ဖြိုးရေးနှင့် ကျေးရွာချင်းဆက်လမ်းများ၊ မြစ်သာမြစ်ကူးတံတား တည်ဆောက်ရေး၊ ကလေးမြို့မြောက်ဘက် လက်ပံချောင်းကျေးရွာ၊ တိုက်နယ်ဆေးရုံအဆင့် တိုးမြှင့်ခြင်းများအပါအဝင် ဆွေးနွေးခဲ့ကြသည်။

NLD ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ကလေးမြို့စည်ပင်ဥက္ကဋ္ဌ ဦးသောင်းရွှေမှ ကလေးမြို့မဈေးဆေးရုံ၊ မြို့ရှောင်လမ်း မြစ်သာမြစ်ရေတိုက်စားမှုအခြေအနေ ဖေါင်ကူးမှ ကလေးကိုတံတားနှစ်စင်းနှင့်လမ်းနှစ်လမ်း  ဆောင်ရွက်ရန် ကိစ္စများ တင်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required