ထိုင်းတွင် အသက်ကြီးသူများ နှင့် မသန်စွမ်းများကို ကား၊ ရထား အခမဲ့စီးခွင့်ပြုရာမှ ထက်ဝက်ကြေး ကောက်တော့မည်

ထိုင်းတွင် အသက်ကြီးသူများ နှင့် မသန်စွမ်းများကို ကား၊ ရထား အခမဲ့စီးခွင့်ပြုရာမှ ထက်ဝက်ကြေး ကောက်တော့မည်

ထိုင်းနိုင်ငံတွင် အသက်ကြီးသူများနှင့် မသန်စွမ်းသူများကို အခမဲ့ ကားနှင့် ရထားများ စီးနင်းခွင့်ပြုထားရာမှ အစိုးရက ဆက်လက်ပြီး အခမဲ့ဝန်ဆောင်ပေးမှုကို ထောက်ပံ့နိုင်တော့သဖြင့် နိုဝင်ဘာ ၁ ရက်က စကာ ၎င်းတို့အနေဖြင့် ကားခရထားခများကို တစ်ဝက်ပေးဆောင် စီးနင်းရမည်ဖြစ်သည်။

"ကျွန်တော်တို့က အသက်ကြီးသူတွေနဲ့ မသန်စွမ်းတွေကို ဆက်လက်ပြီး အခမဲ့စီးနင်းခွင့် ဝန်ဆောင်ပေးချင်ပါတယ်။” ဟု သယ်ယူပို့ဆောင်ရေးဆိုင်ရာ အမြဲတမ်းလက်ထောက်အတွင်းဝန် ပွန်ချိုင်းကာဆမ်သာဝီဆတ်က ပြောသည်။

သို့သော် အစိုးရအသုံးစရိတ်တွင် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဘတ်ဂျက်အခက်အခဲကြောင့်သာ ယခုကဲ့သို့ တစ်ဝက်ကြေးယူရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို သယ်ယူပို့ဆောင်ရေးဝန်ကြီး ပရာဂျင်ဂျန်တန်ကလည်း အတည်ပြုကြောင်း ပွန်ချိုင်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကားနှင့် ရထားအခမဲ့စီးနင်းခွင့် ဝန်ဆောင်မှုအတွက် ဘတ်ငွေ ၃၀၉ သန်း လိုငွေပြနေသည်။

ယခုအစီအစဉ် အကောင်အထည်ဖော်ပြီးပါက လိုငွေသည် ဘတ်ငွေ ၁၀၉ ဒသမ ၂ သန်းသာ ရှိတော့မည်ဖြစ်သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required