အီကွေဒေါ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်ကို ရွေးကောက်ပွဲကောင်စီရှေ့ စုရုံးစောင့်ဆိုင်းနေ

အီကွေဒေါ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်ကို ရွေးကောက်ပွဲကောင်စီရှေ့ စုရုံးစောင့်ဆိုင်းနေ

ကွီတို၊ ဖေဖော်ဝါရီ ၂၂ ။            ။ အီကွေဒေါနိုင်ငံက သမ္မတသစ်ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်ကို အမျိုးသားရွေးကောက်ပွဲကောင်စီ CNE ရုံးချုပ်ရှေ့မှာ လူစုရုံးပြီး လာရောက်စောင့်ဆိုင်းနေပါတယ်။

မဲရလဒ်မှာ လက်ရှိ အာဏာရပါတီက သမ္မတလောင်း လီနင်မော်ရီနိုနဲ့ အတိုက်အခံသမ္မတလောင်း ဂူလာမိုလာဆိုတို့က ထိပ်တန်းမဲရရှိသူတွေ ဖြစ်လာနိုင်ပြီး မဲအရေအတွက် တိုက်လို့ ထပ်မံမဲပေးရန် လိုမလိုကတော့ မကျိန်းသေသေးပါဘူး။

ဒါပေပမယ့် မဲစတင်ရေတွက်ချိန်ကစလို့ အတိုက်အခံဆန္ဒပြသူတွေက ထပ်မံမဲပေးရေးကို CNE ရုံးချုပ်ရှေ့မှာ တောင်းဆိုနေကြတာပါ။ အာဏာပိုင်တွေဖက်ကတော့ မဲစာရင်းကိုက် တွက်ရေပြီးပါက တရားဝင်မဲရလဒ် ထုတ်ပြန်မှာ ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ တွက်ရေပြီး မဲရလဒ် ၉၄ ဒဿမ ၆ ရာခိုင်နှုန်းမှာ မော်ရီနိုက ၃၉ ဒဿမ ၂ ရာခိုင်နှုန်း ရရှိထားပြီး လာဆိုက ၂၈ ဒဿမ ၄ ရာခိုင်နှုန်း ရရှိထားပါတယ်။

အီကွေဒေါနိုင်ငံရဲ့ ဥပဒေအရ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရရန်အတွက် မဲရလဒ် ၅၀ ကျော် ရာခိုင်နှုန်း ရရှိရန် လိုအပ်ပါတယ်။ ဒါမှမဟုတ်လည်း မဲရလဒ်ရဲ့ ၄၀ ရာခိုင်နှုန်း ရရှိပြီး ဒုတိယမဲအများဆုံးရရှိသူက ဆယ်ရာခိုင်နှုန်း ရရှိမှ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly