မလေးရှားနိုင်ငံမှ ပေးပို့သော ထောက်ပံ့ရေးပစ္စည်းများ စစ်တွေမြို့ရောက်ရှိ

မလေးရှားနိုင်ငံမှ ပေးပို့သော ထောက်ပံ့ရေးပစ္စည်းများ စစ်တွေမြို့ရောက်ရှိ

ဖေဖော်ဝါရီ ၂၁ ။            ။ မလေးရှားနိုင်ငံအစိုးရမှ ထောက်ပံ့ပေးအပ်သောစားသုံးကုန်ပစ္စည်းတွေကို တင်ဆောင်လာသော သင်္ဘောသည် ယနေ့  ဖေဖော်ဝါရီလ  ၂၁ရက် နေ့လည် ၃ နာရီကျော်တွင် စစ်တွေမြို့ ဖောင်တော်ကြီး ဆိပ်ခံတံတားသို့ ရောက်ရှိလာကြောင်း တွေ့ရသည်။

အဆိုပါ အစားအသောက်အပါအဝင် အထောက်အပံ့ပစ္စည်းများကို  ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နေရာများဖြစ်သော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် အစရှိသော ဒေသများမှ နှစ်ဘက်လူမှုအသိုက်အဝန်းများအား ပေးအပ်သွားမည်ဟု သိရသည်။

အဆိုပါ လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများ ကို ရခိုင်ပြည်နယ်အတွင်းရှိ နှစ်ဖက်အဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ထောက်ပံ့သွားမည် ဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

မလေးရှားနိုင်ငံအစိုးရမှ လှူဒါန်းသည့်ပစ္စည်းများမှာ ဆန်အိတ် ၆ဝဝဝ၊ ခေါက်ဆွဲ ၁၈၄၆ ဖာ၊ ရေသန့် ၉၇၅ ဖာ၊ သွားတိုက်ဆေး ဖာ ၁ဝဝ၊ သွားတိုက်တံ ၃၆ ဖာ၊ တဘက် ၉၅ ထုပ်၊ ပရုတ်ဆီ ၃၅ ဖာ၊ ဆပ်ပြာမှုန့် ၅၆၂ ဖာ၊ ဆပ်ပြာခဲ ၂၂ ဖာ၊ ဘီး ၈ ဖာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း ၁၃၉ ဖာ၊ မုတ်ဆိတ်ရိတ်ဓား ဖာ ၅ဝ၊ လက်သည်းညှပ် ၉ ဖာနှင့် ဖိနပ် အိတ် ၅ဝ တို့ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံမှ အကူအညီပေးရန်လာသောသင်္ဘော နော်တီကယ်အလီယာသဘောၤသည် ရခိုင်ပြည်နယ်အတွက် အကူအညီပေးရန် တန်ချိန် ၂၃၀၀ ရှိသော အစားအသောက် အပါအဝင်  ထောက်ပံ့ရေးအကူအညီများကို သယ်ဆောင်လာပြီး ဖေဖော်ဝါရီလ ၉ ရက်တွင် မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ အကူအညီပေးရေး ပစ္စည်းများ လွှဲအပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required