ပြင်သစ်သမ္မတလောင်း အမျိုးသမီးက ခေါင်းစည်းပုဝါ မခြံုနိုင်၍ မွတ်စလင်ဘာသာရေးခေါင်းဆောင်နှင့် တွေ့မည့်အစီအစဉ်ကို ပယ်ဖျက်

ပြင်သစ်သမ္မတလောင်း အမျိုးသမီးက ခေါင်းစည်းပုဝါ မခြံုနိုင်၍ မွတ်စလင်ဘာသာရေးခေါင်းဆောင်နှင့် တွေ့မည့်အစီအစဉ်ကို ပယ်ဖျက်

ထရီပိုလီ၊ ဖေဖော်ဝါရီ ၂၁ ။             ။ လစ်ဗျားနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ် လက်ယာယိမ်း အမျိုးသားတပ်ဦးပါတီက သမ္မတလောင်းအမျိုးသမီးဖြစ်တဲ့ မာရင်းလီပင်းဟာ ဆွန်နီမွတ်စလင်ဘာသာရေးအကြီးအကဲနဲ့ တွေ့ဆုံရာမှာ ခေါင်းစည်းပုဝါခြုံရမယ်ဆိုတာကို ငြင်းဆန်လိုက်တာကြောင့် ဖေဖော်ဝါရီ ၂၁ ရက်မှာ တွေ့ဆုံမယ့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပါတယ်။

သမ္မတလောင်းတွေကြား ရှေ့ပြေးနေသူတွေထဲမှာ အပါအဝင်ဖြစ်တဲ့ လီပင်းဟာ ဧပြီ ၂၃ ရက်က စတင်တဲ့ သီတင်းကိုးပတ်တာ သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒ မြှင့်တင်ရေးမှာ လစ်ဗျားနိုင်ငံကို နှစ်ရက်တာ ခရီးစဉ် ရောက်ရှိနေတာဖြစ်ပါတယ်။

လစ်ဗျားရဲ့ ကိုလိုနီဟောင်း ပြင်သစ်နိုင်ငံဆီ လစ်ဗျားပြည်သူတော်တော်များစွာက ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ်အတွင်း ထွက်ပြေးခိုလှုံပြီး ပြင်သစ်နိုင်ငံသားတွေ ဖြစ်လာပါတယ်။

လီပင်းအနေနဲ့ ပထမဆုံးနိုင်ငံခေါင်းဆောင်တစ်ဦးနဲ့ လူမြင်ကွင်းရှေ့ တွေ့ဆုံလက်ဆွဲနှုတ်ဆက်ခြင်းအဖြစ် ခရစ်ယာန်သမ္မတ Michel Aoun နှင့် တွေ့ဆုံပြီးနောက်မှာ ဆွန်နီဝန်ကြီးချုပ် Saad al-Hariri နှင့် ဖေဖော်ဝါရီ ၂၀ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။ ပြီးရင် ဆွန်နီမွတ်စလင်ဘာသာရေးခေါင်းဆောင်အကြီးအကဲနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပဲဖြစ်ပါတယ်။

ဆွန်နီဘာသာရေးခေါင်းဆောင်ရဲ့ ပြန်ကြားရေးရုံးက လီပင်ရဲ့ လက်ထောက်တွေထံ တွေ့ဆုံမှုမှာ ခေါင်းစည်းပုဝါခြုံဖို့လိုအပ်ကြောင်း အကြောင်းကြားရာ ငြင်းပယ်ခြင်းအတွက်  အံ့သြမိကြောင်း ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ပြင်သစ်မှာက မွတ်စလင်ခေါင်းစည်းပုဝါ ခြုံခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးအခြေအနေတစ်ရပ် ရှိနေတာပဲဖြစ်ပါတယ်။ အများပြည်သူဝန်ဆောင်မှုနေရာတွေနဲ့ အထက်တန်းကျောင်းတွေမှာ
ခေါင်းစည်းပုဝါခြုံတာကို ပြင်သစ်ဥပဒေနဲ့ တားမြစ်ထားပါတယ်။ လီပင်းအနေနဲ့က အများပြည်သူပိုင် နေရာအားလုံးမှာ မွတ်စလင်ခေါင်းစည်းပုဝါခြုံခြင်းကို တားမြစ်ပိတ်ပင်ရန် လိုလားနေသူလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required