Panasonic Commercial Air-Conditioner Convention 2017 တွင် အသစ်ပြသခဲ့သော Mini FSV လေအေးပေးစက် မိတ်ဆက်ပွဲ

Panasonic Commercial Air-Conditioner Convention 2017 တွင် အသစ်ပြသခဲ့သော Mini FSV လေအေးပေးစက် မိတ်ဆက်ပွဲ

Panasonic မှ ယနေ့မနက် ပိုင်းတွင် Novotel ဟိုတယ်၌ Commercial Air-Conditioner Convention 2017 ပြပွဲကို ပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် လုပ်ငန်းငယ်များနှင့် အိမ်ရာများတွင် အသုံးပြုနိုင်သော Mini FSV VRF  လေအေးပေးစက် အသစ်တစ်မျိုးကို အဓိက မိတ်ဆက်ပေးခဲ့သည်။

 “ဒီအဲကွန်းမှာ Mini Game Changer ပါတယ်။ အဲ့ဒါကို  Mini FSV လို့ခေါ်ပြီး မြင်းကောင်ရေအား ၁၀ ကောင်အထိ မောင်းနိုင်တယ်။ ဒီဟာက စွမ်းအင်လုပ်ဆောင်နိုင်မှုအချိုး EEr ကို အရည်အသွေးမီမီ ဖြစ်စေမှာပါ။ အဲ့ဒီမှာ Blue Fin Condenser တပ်ဆင်ထားတဲ့အတွက် External Static Pressure မြင့်မြင့် သုံးနိုင်မှာပါ။ အဲ့ဒီ Pressure ကို ၂၅ ပါစကယ်ထိ တင်လိုက်ခြင်းအားဖြင့် အပူလွန်ကဲခြင်းကို ထိန်းချုပ်ပေးပြီး အဲကွန်းကို တည်ငြိမ်အောင် လုပ်ဆောင်ပေးမှာပါ။ ဒါ့အပြင် ဒီထုတ်ကုန်ကို အဲကွန်း ၁၃လုံးနဲ့ အထက် တပ်ဆင်နိုင်ပြီး ပိုက်ကိုလည်း မီတာ ၁၅၀ နဲ့အထက် တပ်ဆင်နိုင်မှာပါ။ ဒါကြောင့် ဒီထုတ်ကုန်က ကွန်ဒိုတွေ၊ တိုက်ခန်းတွေ၊ ရုံးငယ်တွေနဲ့ အိမ်သုံးအနေနဲ့ အသုံးပြုနိုင်မှာပါ” ဟု Panasonic Malaysia Factory မန်နေဂျာ Mr.Freddy Chu Kok How မှ မဇ္ဈိမကို ပြောသည်။

ယနေ့ပွဲတွင် Panasonic အနေဖြင့် အသစ်ထွက်ရှိထားသော Mini FSV Series အပြင် ယခင်က ထွက်ရှိထားသည့် AERO Series နှင့် အခြား Air-Conditioner Series ပေါင်းများစွာကို ပြသထားသည်။

 “AERO Series က 2017 မှာ မိတ်ဆက်ခဲ့တဲ့ ကုန်စည်အသစ်ပါ။ သူ့မှာ အားသာချက်လေးချက်ရှိတယ်။ ဒီအဲကွန်းတွေက အရင် ပစ္စည်းတွေထက် ၃၇ မီလီမီတာပိုပါးတယ်။ Pearl Finishing ၉ ထပ်ပါတယ်။ နောက်ပြီး Aero Wing တွေကို သီးသန့် flap တွေအနေနဲ့ ထည့်သွင်းထားတဲ့အတွက် တိုက်ရိုက်အေးမြမှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်။ နောက်ဆုံး အနေနဲ့ အလျင်အမြန်အေးမြစေတဲ့ PTech နည်းပညာကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် ပူတဲ့နေ့တွေမှာ အခန်းထဲဝင်လိုက်တာနဲ့ အေးမြမှုရရှိမှာပါ။ ဒါကတော့ AERO Series ရဲ့ အဓိကအကျိုးကျေးဇူးတွေပါ” ဟု Papamy Airconditioning Panasonic Malaysia မှ Senior Manager Ms. Su Wei Leng မှ ပြောသည်။

ယနေ့အခမ်းအနားတွင် Panasonic မြန်မာနိုင်ငံလုံးဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Hisakazu Maeda မှ လူနေမှုအသိုင်းအဝိုင်း၏ လိုအပ်ချက်များနှင့် Panasonic ၏တီထွင်ဆန်းသစ်မှုများကို ရှင်းပြပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်၌ Panasonic Authorized Services Center ၁၁ ခုရှိပြီး ယခုနှစ်ထဲတွင် နောက်ထပ် လေးခုထပ်ဖွင့်သွားမည်ဟုသိရသည်။ Mini FSV Series သည် အိမ်ရာများနှင့် စက်မှုလက်မှု လုပ်ငန်းငယ်များအတွက် အထူးသင့်လျော်သည့် Panasonic ၏ဆန်းသစ်တီထွင်မှုဖြစ်သည်။ ယခုအချိန်တွင် တစ်ကမ္ဘာလုံးအနှံ့၌ Panasonic ကုမ္ပဏီခွဲပေါင်း ၄၆၈ ခုနှင့် ပူးတွဲ ကုမ္ပဏီ ၉၄ ခုရှိထားပြီး Panasonic ကုမ္ပဏီကို ၁၉၈၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags