အမျိုးသား ဘောလုံး အကယ်ဒမီသို့ နိုင်ငံတော် ဒုသမ္မတ (၂) လာရောက်ကြည့်ရှု

အမျိုးသား ဘောလုံး အကယ်ဒမီသို့ နိုင်ငံတော် ဒုသမ္မတ (၂) လာရောက်ကြည့်ရှု
(ဓာတ်ပုံ - MFF)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အမျိုးသားဘောလုံးအကယ်ဒမီသို့ လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်တို့က ကြိုဆိုနှုတ်ဆက်ပြီး အမျိုးသားဘောလုံးအကယ်ဒမီအတွင်း လှည့်လည်ပြသကာ အကယ်ဒမီတည်ဆောက်ခြင်း၊ လူငယ်ကစားသမားများ ပြုစုပျိူးထောင်ခြင်းဆိုင်ရာများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

Source: Myanmar Football Federation

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required