ဂမ်ဘီယာ၌ သမ္မတဘာရိုး၏ ရာထူးအပ်နှင်းပွဲကျင်းပ

ဂမ်ဘီယာ၌ သမ္မတဘာရိုး၏ ရာထူးအပ်နှင်းပွဲကျင်းပ

ပြီးခဲ့သော စနေနေ့တွင် ဂမ်ဘီယာနိုင်ငံ၌ သမ္မတအဒမ်မာဘာရိုးသည် သူကျမ်းသစ္စာ ကျိန်ဆိုထားခဲ့သော ရာထူးအား ပြန်လည်ရယူနိုင်ခဲ့ပြီး လူထောင်ပေါင်းများစွာသည် အဆိုပါရာ ထူးအပ်နှင်းပွဲအတွက် ကျင်းပအောင်ပွဲခံခဲ့ကြသည်။ ဘာရိုးသည် နိုင်ငံအတွင်းရှိ ပြင်းထန်သော အာဏာအလုအယက် ပြိုင်ဆိုင်မှုကြောင့် အိမ်နီးချင်းနိုင်ငံ ဆီနီဂေါတွင် ပြီးခဲ့သောလက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ရသည်။

ဖေဖော်ဝါရီ ၁၈ရက်နေ့သည် ဂမ်ဘီယာနိုင်ငံ၏ ဗြိတိန်ထံမှ လွတ်လပ်ရေးရယူနိုင်ခဲ့သော နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။ ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို စနေနေ့ မနက်တွင် မြို့တော် အနောက်ဘက်ရှိ Bakau မှ လွတ်လပ်ရေး အားကစားကွင်းကြီးထဲတွင် စတင်ခဲ့ပြီး အဆင့်မြင့် သံတမန်များနှင့် အာဖရိကနိုင်ငံများမှ ထိပ်သီးခေါင်းဆောင် များတက် ရောက်ခဲ့ကြသည်။

အထူးဂုဏ်ပြုဧည့်သည်မှာ ဆီနီဂေါသမ္မတ မက်ကီဆောလ်ဖြစ်ပြီး အဆိုပါ အခမ်းအနား၌ လူပေါင်းထောင်သောင်း ချီတက်ရောက်ခဲ့ကာ သီချင်းသီဆိုခြင်း ကခုန်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဘာရိုးသည် လူထုကြီးအား သူသည် လူအခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ပြောခဲ့သည်။

“လူအခွင့်အရေးကော်မရှင်အဖွဲ့ကို အချိန်ဆွဲခြင်းမရှိပဲ တည်ထောင်မှာဖြစ်ပါတယ်။ ပြီးကျရင် အဖမ်းခံရပြီး ပျောက်ဆုံးသွားခဲ့သော ပြည်သူများကို ရှာဖွေဖို့ ဆောင်ရွက်သွားမှာပါ”  ဟု ဘာရိုးက ပြောခဲ့သည်။

“အဖမ်းဆီးခံထားရသူများကို ရုံးတင်စစ်ဆေးခြင်း မရှိဘဲ ချက်ချင်းပြန်လွှတ်ပေးဖို့ အမိန့်လည်းပေး ပြီးပါပြီ”ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။

ဝမ်းမြောက်နေကြသော ထောက်ခံသူပြည်သူများသည် ဒါဟာ ခေတ်သစ်တစ်ခု စတင်ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required