မိုဆူးလ်မြို့အား ပြန်လည်သိမ်းပိုက်ရန် အီရတ်စစ်တပ်များ စစ်ဆင်ရေးစတင်

မိုဆူးလ်မြို့အား ပြန်လည်သိမ်းပိုက်ရန် အီရတ်စစ်တပ်များ စစ်ဆင်ရေးစတင်

အီရတ်ဝန်ကြီးချုပ် ဟိုင်းဒါအယ်လ်အဘာဒီက ယနေ့တနင်္ဂနွေနေ့တွင် အစ္စလာမ်အစွန်းရောက်အဖွဲ့ အိုင်အက်စ် တို့လက်ထဲမှ မိုဆူးလ်မြို့အနောက်ပိုင်းအား ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေးစတင်ပြီဖြစ်ကြောင်း ကြေညာခဲ့ သည်။

“ကျွန်တော်တို့ စစ်ဆင်ရေးကို အခြေအနေအသစ်တစ်ခုနဲ့ စတင်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ ကျွန်တော်တို့ မိုဆူးလ် မြို့အနောက်ဘက်ခြမ်းကို လွတ်မြောက်စေဖို့အတွက် Nineveh ကိုလာနေပါပြီ” ဟု အဘာဒီက ရုပ်သံမိန့်ခွန်း တွင် အကြမ်းဖျမ်း ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့တပ်တွေဟာ အကြမ်းဖက်ခြိမ်းခြောက်မှုဒဏ်မှ ပြည်သူတွေကို လွတ်မြောက်စေဖို့ စတင်နေပါပြီ” ဟု အဘာဒီက ပြောခဲ့သည်။

အီရတ်စစ်တပ်များသည် မိုဆူးလ်မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် ပြီးခဲ့သော အောက်တိုဘာလ ၁၇ ရက် နေ့တွင် ပြင်းထန်သော ထိုးစစ်ဆင်မှုတစ်ခုပြုလုပ်ခဲ့ပြီး ရက်သတ္တပတ်ပေါင်းများစွာကြာ   ပြင်းထန်သော တိုက်ခိုက် မှုအပြီးတွင် မြို့၏ အရှေ့ဘက်ခြမ်းအားပြီးခဲ့သော လတွင် သိမ်းပိုက်နိုင်ခဲ့သည်။

မိုဆူးလ်မြို့၏ အနောက်ဘက်ကမ်းသည် အရှေ့ဘက်ထက် အနည်းငယ်သေးငယ်သော်လည်း လူဦးရေပိုမိုသိပ် သည်းကာ ဂျီဟတ်ဝါဒီတို့ အခိုင်အမာတပ်စွဲထားရာ နယ်မြေဖြစ်သည်။

ရဲများနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တပ်များသည် တိုက်ဂရက်စ်မြစ်အနောက်ဘက်ရှိ မိုဆူးလ်လေဆိပ်သို့ ချီတက် ကာထိုးစစ်ဆင်မှု အခြေအနေသစ်တစ်ခုကို စတင်သွားဖို့မျှော်လင့်နေကြသည်။

နောက်ဆက်တွဲ သတင်းများအရ အီရတ်စစ်တပ်များသည် မိုဆူးလ်ရှိ ရွာ၂ရွာအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် ကြောင်းနှင့် ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required