ဆော်ဒီတွင် ရေနံပိုက်လိုင်း ယိုစိမ့်မှုကြောင့် ကန်ထရိုက်တာတစ်ဦး သေဆုံးခဲ့

ဆော်ဒီတွင် ရေနံပိုက်လိုင်း ယိုစိမ့်မှုကြောင့် ကန်ထရိုက်တာတစ်ဦး သေဆုံးခဲ့

ဆော်ဒီအာရေဗျနိုင်ငံ၌ ရေနံပိုက်လိုင်း ယိုစိမ့်မှုကြောင့် ကန်ထရိုက်တာတစ်ဦး သေဆုံးပြီး အလုပ်သမား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်ရေနံကုမ္ပဏီ အာရမ်ကို မှ ယနေ့တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

“ဆော်ဒီရဲ့အာရမ်ကိုကုမ္ပဏီမှ ကန်ထရိုက်တာတစ်ဦး သေဆုံးခဲ့ပြီး အလုပ်သမား ၁ ဦးအပါအဝင်ကန်ထရိုက်တာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးရတာ စိတ်ထိခိုက်မိပါတယ်”ဟု အာရမ်ကိုမှ ကြေညာချက်ထဲတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

အာရမ်ကိုမှ ရေနံယိုစိမ့်မှုသည် ကုမ္ပဏီ၏ ပင်မ Dhahran ခြံဝန်းမှ အနောက်တောင်ဘက် ၃၇ မိုင်အကွာတွင်ရှိ သော Abqaiq အဆောက်အဦတွင် ဖြစ်ပွားခဲ့သည်ဟု တွစ်တာ၌ ရေးသားခဲ့သည်။

ဒဏ်ရာရရှိခဲ့သော ကန်ထရိုက်တာနှစ်ဦးအား ယခုအခါတွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဆော်ဒီအာရေဗျသည် ၎င်းတို့၏ ရေနံအပေါ်၌သာ မှီခိုနေရသော စီးပွားရေးအား ပြောင်းလဲထုတ်လုပ်ရန်အတွက် ကြိုးပမ်းနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required