နေတိုးကို အပြည့်အဝ ထောက်ပံ့သွားမှာဖြစ်သလို ကျန်အဖွဲ့ဝင်များကလည်း ပိုမိုစိုက်ထုတ်ရမည်ဟု အမေရိကန် ဒုတိယသမ္မတ ပြော

နေတိုးကို အပြည့်အဝ ထောက်ပံ့သွားမှာဖြစ်သလို ကျန်အဖွဲ့ဝင်များကလည်း ပိုမိုစိုက်ထုတ်ရမည်ဟု အမေရိကန် ဒုတိယသမ္မတ ပြော

မြူးနစ်၊ ဖေဖော်ဝါရီ ၁၈ ။                ။ အမေရိကန်နိုင်ငံက နေတိုးအဖွဲ့အတွက် ထောက်ပံ့မှုတွေကို မမှိတ်မသုန်ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပေမယ့် အမေရိကန်က အလေးအနက် တိုက်တွန်းထားတဲ့အတိုင်း ကျန်အဖွဲ့ဝင်   တွေကလည်း နေတိုးအဖွဲ့အတွက် ထည့်ဝင်မှုကို တိုးမြှင့်ရမယ်လို့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ၅၃ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံမှာ သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်စား မိန့်ခွန်းပြောဆိုစဉ် မိုက်ပန့်စ်က ၎င်းတို့နိုင်ငံက နေတိုးအဖွဲ့ကို ဆက်လက်ထောက်ပံ့သွားမှာ   ဖြစ်ကြောင်း ထပ်လောင်းပြောခဲ့တာပါ။

“အမေရိကန်ပြည်ထောင်စုဟာ နေတိုးကို အပြည့်အဝ ထောက်ပံ့နေတယ်။ နေတိုးအဖွဲ့မှာ ကျွန်တော်တို့ရဲ့ ထည့်ဝင်မှုတွေကို မမှိတ်မသုန် ဆက်လက်ပါဝင်သွားမှာဖြစ်တယ်။”လို့ ကမ္ဘာ့ခေါင်းဆောင်များနဲ့ သံတမန်များ ပါဝင်တဲ့ ပရိသတ်ကို ပန့်စ်က ပြောခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးလည်း ၎င်းက “ဒါဟာ သမ္မတထရမ့်ရဲ့ ကတိကဝတ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကနေ့ကနေ နေ့တိုင်းနေ့တိုင်းအတွက် ဥရောပနဲ့အတူ ရပ်တည်သွားမှာဖြစ်တယ်။ လွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ တရားရေးနဲ့ ဥပဒေစိုးမိုးရေး ကောင်းမြတ်တဲ့ တူညီစံထားမှုမှာ ကျွန်တော်တို့ဟာ သွေးစည်းညီညွတ်ထားကြတယ်။”လို့ ပန့်စ်က ဆိုပါတယ်။

ဒါအပြင် ပန့်စ်က ခုချိန်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဖွဲ့အတွက် ပိုမိုကာ ထည့်ဝင်ကြဖို့ စတင်ရမယ့် အချိန်ပဲဖြစ်တယ်လို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် အစိုးရတက်လာချိန်ကစပြီး ကာကွယ်ရေးအတွက် နိုင်ငံဂျီဒီပီရဲ့ နှစ်ရာခိုင်နှုန်းကို ထည့်ဝင်မြုပ်နှံကြဖို့ နေတိုးနိုင်ငံတွေကို အမေရိကန်က အကြိမ်ကြိမ် တိုက်တွန်းပြောဆို   နေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags