အိုင်အက်စ်အား တိုက်ခိုက်ရန် အမေရိကန်ဦးဆောင်သောညွန့်ပေါင်း အဖွဲ့ကိုလေတပ် စခန်းများအား အသုံးပြုခွင့်ပေးဟု တူရကီအတည်ပြု

အိုင်အက်စ်အား တိုက်ခိုက်ရန် အမေရိကန်ဦးဆောင်သောညွန့်ပေါင်း အဖွဲ့ကိုလေတပ် စခန်းများအား အသုံးပြုခွင့်ပေးဟု တူရကီအတည်ပြု

အန်ကာရာ၊ဇူလိုင် ၂၅ ။      ။ အိုင်အက်စ်တို့အား တိုက်ခိုက်ရာအတွက် အမေရိကန် ဦးဆောင်သောညွန့်ပေါင်းအဖွဲ့ကို ၎င်း၏လေတပ်စခန်းများအား အသုံးပြုခွင့်ပေးထားကြောင်း တူရကီက အတည်ပြုလိုက်ပြီဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဇူလိုင် ၂၄တွင်ပြောကြားခဲ့ရာ ယခုသီတင်းပတ်တွင် စစ်သွေးကြွများ၏ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပေါ်ပြီးနောက် တူရကီ၏ ကြီးမားသည့် ပေါ်လစီပြောင်းလဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်အား အမေရိကန်ဦးဆောင်တိုက်ခိုက်မှုတွင် ကာလရှည်စိတ်မပါခဲ့သော ပါတနာတစ်ဦးဖြစ်သူ တူရကီသည် ဇူလိုင် ၂၄က ပထမဆုံးအကြိမ် စစ်သွေးကြွတို့အား လေကြောင်းတိုက်ခိုက်မှုပြီးနောက် ပေါ်လစီပြောင်းလဲခဲ့သည်။

ဆီးရီးယားနယ်စပ်အနီး အင်ကာလစ်ရှိ လေတပ်စခန်းကို အသုံးပြုခွင့်ပေးရန် တူရကီက သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၃က အမေရိကန်ကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။ ယင်းသို့အသုံးပြုခွင့်ရရန်လည်း အမေရိကန်က တူရကီကို အကြိမ်ကြိမ်စည်းရုံးခဲ့သည်။ အင်ကာလစ်မှ ဒရုန်းများ ပျံသန်းမှုကိုမူ အမေရိကန်အား ကန့်သတ်ထားဆဲဖြစ်သည်။

သို့သော်လည်း ၎င်း၏လေတပ်စခန်းများမှ အိုင်အက်စ်တို့အားတိုက်ခိုက်ရန် ညွန့်ပေါင်းအဖွဲ့ကို ခွင့်ပြလိုက်ကြောင်းကို အတည်ပြု လိုက်ပြီဟု တူရကီနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဇူလိုင် ၂၄တွင် အတည်ပြုခဲ့သည်။

ယင်းသို့ခွင့်ပြုရာတွင် တူရကီအရှေ့တောင်ပိုင်းရှိ ဒီယာဘာကီယာရှိ လေတပ်စခန်းကဲ့သို့ လေတပ်စခန်းများ ပါဝင်သည်ဟု သိရ သည်။

တူရကီလည်း ယင်းလေတပ်စခန်းမှ ဆီးရီးယားရှိ အိုင်အက်စ်စခန်းများသို့ အက်ဖ် ၁၆ တိုက်လေယာဉ်များစေလွှတ် တိုက်ခိုက် ခဲ့သည်။

တူရကီနှင့် သဘောတူညီချက်မှာဒေသတွင်းရှိ အိုင်အက်စ်တို့အား ချေမှုန်းရေးအတွက် မည်သို့ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်နှင့် ပတ်သက်၍ လပေါင်းများစွာဆွေးနွေးနေသော ဆွေးနွေးပွဲများ၏ အစိတ်အပိုင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေး ဋ္ဌာနပြောခွင့် ရသူ မာ့ခ်တိုနာ ကပြောကြားခဲ့သည်။

သဘောတူညီချက်က ဆီးရီးယားသူပုန်များကို လေ့ကျင့် လက်နက်တပ်ဆင်ပေးခြင်း၊ ထောက်လှမ်းရေး သတင်းများမျှဝေသုံး စွဲခြင်းနှင့် စစ်ဆင်ရေးညိနှိုင်းဆောင်ရွက်ခြင်းတို့ကဲ့သို့ အရာများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်ဟု လည်း ၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required