ထွန်းထွန်းမင်း၊ တူးတူးတို့ကို စိန်ခေါ်ထိုးသတ်ရန် သိပ်မကြာတော့ဟု ၀ါးရင်းတုတ် ဖိုးကေ ပြော

ထွန်းထွန်းမင်း၊ တူးတူးတို့ကို စိန်ခေါ်ထိုးသတ်ရန် သိပ်မကြာတော့ဟု ၀ါးရင်းတုတ် ဖိုးကေ ပြော
T & T ကလပ်တွင် လေ့ကျင့်နေသော ၀ါးရင်းတုတ်ဖိုးကေ(ယာ)

ဇူလိုင် ၂၅၊ ရန်ကုန် ။      ။ မြန်မာ့ရိုးရာလက်ဝှေ့လောကသို့ တစ်ကျော့ပြန် ဝင်ရောက်လာသော ဝါးရင်းတုတ်ဖိုးကေသည် လက်ရှိ အချိန်တွင် T & T ရိုးရာလက်ဝှေ့ကလပ်တွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ပြီး အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့် တူးတူးတို့ကို  စိန်ခေါ်ထိုးသတ်ရန် သိပ်မကြာတော့ဟု ဖိုးကေက ပြောသည်။

ဝါးရင်းတုတ်ဖိုးကေသည် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများနှင့် နှစ် နှစ်ကြာ ဝေးကွာခဲ့ပြီးနောက် လက်ဝှေ့လောကသို့ တစ်ကျော့ပြန် ဝင်ရောက်လာခြင်းဖြစ်သည်။

လက်ဝှေ့လောကသို့ တစ်ကျော့ပြန် ဝင်လာသော ဖိုးကေကို T & T ရိုးရာလက်ဝှေ့ကလပ်မှ နည်းပြဝင်းထွန်း(လယ်/ဆည်)မှ သင်ကြားပေးနေခြင်းဖြစ်ပြီး နည်းပြ ဝင်းထွန်း(လယ်/ဆည်)သည် မြန်မာပြည် ရွှေခါးပတ် ချန်ပီယံဟောင်းတစ်ဦးလဲဖြစ်သည်။

ဖိုးကေသည် လာမည့် ဇူလိုင် ၂၆ ရက်၊ သိမ်ဖြူလက်ဝှေ့ရုံတွင် မြန်မာမီဒီယာဂရုပ်မှ ပြုလုပ်မည့် မုတ်သုန် ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ၌ နဂါးနီကလပ်မှ သွေးသစ်အောင်နှင့် ထိုးသတ်မည်ဖြစ်သည်။ ' ရိုးရာလက်ဝှေ့ သမားတွေ ရှားလာတယ်။

လက်ဝှေ့သမားကောင်းတွေ ပျောက်သွားတယ်။ ထိုးဖက်တွေလဲ တော်တော်နည်းလာတယ်။ တဖြည်းဖြည်းနဲ့ ရိုးရာလက်ဝှေ့က အားပေးတဲ့ပရိသတ်လဲ နဲနဲကျသွားတယ်။ အကောင်းဆုံးဖြစ်အောင် ပြန်ထိုးမယ်။ ထွန်းထွန်း မင်းနဲ့ တူးတူးတို့ကို စိန်ခေါ်ဖို့ သိပ်မကြာတော့ပါဘူး။ ပွဲတွေပေါ်မူတည်ပြီး နောက်ပိုင်း ဆက်တိုက်ဖြစ်အောင်ထိုးမယ်'  ဟု ဖိုးကေက ပြောသည်။

လက်ရှိမြန်မာပြည်တွင် ၇၅ ကီလိုအထက်ရှိသော ရိုးရာလက်ဝှေ့ကစားသမားများမှာ အလွတ်တန်း ချန်ပီယံဟောင်း စောငမန်း၊ အလွတ်တန်း လက်ရှိချန်ပီယံထွန်းထွန်းမင်း၊ နဂါးမာန်ကလပ်မှ တူးတူးတို့ သုံးဦးသာရှိပြီး ဖိုကေ ထပ်မံပါဝင်လာပါ ကလေးဦး အထိ ရှိလာမည်ဖြစ်သည်။

ဖိုးကေ(T&T)သည် ဇူလိုင် ၂၆ ရက်တွင် ထိုးသတ်ရမည့် နဂါးနီ ကလပ်မှ လူငယ်မျိုးဆက်သစ် သွေးသစ်အောင်ကို တလေးတစား ယှဉ်ပြိုင် ထိုးသတ်သွားမည်ဟု ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required