အီရတ်တွင် ကားဗုံးပေါက်ကွဲမှုကြီး တစ်ခုကြောင့် အနည်ဆုံး ၅၂ ဦး သေဆုံး

အီရတ်တွင် ကားဗုံးပေါက်ကွဲမှုကြီး တစ်ခုကြောင့် အနည်ဆုံး ၅၂ ဦး သေဆုံး

ဖေဖော်ဝါရီ ၁၇ ။            ။ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် တောင်ပိုင်းရှိ ကားဝယ်ရောင်း ဈေးကွက်တစ်ခု၌ ဖေဖော်ဝါရီ ၁၆  ရက်က ဖြစ်ပွားခဲ့သော ကားဗုံးပေါက်ကွဲမှုကြီးတစ်ခုကြောင့် လူပေါင်း ၅၀ ကျော် သေဆုံးသွားကြောင်းနှင့် ယင်းဖြစ်စဉ်မှာ ယခုနှစ်အတွင်း သေဆုံးသူဦးရေ အများဆုံး ဖြစ်ရပ်ဆိုးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ယင်းနိုင်ငံတွင် မကြာသေးမီကတည်းက ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများအားလုံးကို မိမိတို့လုပ်ဆောင်နေကြောင်း ထုတ်ပြောနေခဲ့သည့် အိုင်အက်စ်အုပ်စုကပင် ယခုတိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း အွန်လိုင်းကနေတဆင့် ထုတ်ဖော်ထားသည်ဟုလည်း သိရသည်။

" အကြမ်းဖက် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် Bayaa မှာ ကားအရောင်းအဝယ်ဈေးကွက်မှာ လုံ့ဝထိခိုက်ပျက်စီးခဲ့ရပါတယ်၊ သေဆုံးသူဦးရေ များခဲ့ပါပြီ " ဟု ဘဂ္ဂဒက်မြို့ ထိန်းချုပ်ရေးဌာနမှ   ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောသွားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကမူ ယခုဖြစ်စဉ်တွင် သေဆုံးသူ ဦးရေ ၅၂ ဦးထိရှိကြောင်းနှင့် အခြားလူပေါင်း ၅၀ ကျော် လည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ပြောသွားသည်။ ယင်းကိန်းဂဏာန်းများကို ဆေးရုံတာဝန်ရှိသူများကလည်း အတည်ပြုသွားသည်။

ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ လုံခြုံရေးတာဝန်ရှိသူများ ရောက်ရှိဆောင်ရွက်နေလျက်ရှိပြီး သေဆုံးသူဦးရေ ပိုတိုးလာနိုင်သေးကြောင်းလည်း ထုတ်ပြန်သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required