ဘာစီလိုနာနှင့် ဂျူဗင်တပ်စ် နောက်ခံလူဟောင်း ကာဆာရက်စ်ကို ဆောက်သမ်တန်အသင်း ခေါ်ယူ

ဘာစီလိုနာနှင့် ဂျူဗင်တပ်စ် နောက်ခံလူဟောင်း ကာဆာရက်စ်ကို ဆောက်သမ်တန်အသင်း ခေါ်ယူ
 

ဖေဖော်ဝါရီ ၁၇၊ အင်္ဂလန် ။             ။ ဆောက်သမ်တန်အသင်းသည် ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်နောက်ခံကစားသမားဟောင်း ကာဆာရက်စ်ကို ရာသီကုန်အထိ ကာလတိုစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ   ဖြစ်သည်။

လာမည့်ဧပြီလတွင် အသက် ၃၀ ပြည့်တော့မည့် ကာဆာရက်စ်သည် ပြီးခဲ့သည့်နွေရာသီက ဂျူဗင်တပ်စ်အသင်းမှ ထုတ်ပယ်ခံထားရသူဖြစ်သည်။

ဆောက်သမ်တန်နှင့်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက်တွင် ကာဆာရက်စ်က ‘အင်္ဂလိပ်ဘောလုံးလောကမှာ အရေးပါတဲ့ အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။ အသင်းဖော်သစ်တွေနဲ့   တွေ့ဆုံဖို့ မျှော်လင့်နေပါတယ်။

ဆောက်သမ်တန်ကို လာခဲ့တာက ကျွန်တော့်အတွက် အကောင်းဆုံးရွေးချယ်မှုလို့ ထင်ပါတယ်။ ကျွန်တော်တကယ်ကို ပျော်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ဥရုဂွေးအသင်းအတွက် ၆၈ ပွဲပါဝင်ကစားထားသည့် ကာဆာရက်စ်သည် ဘာစီလိုနာအသင်းတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့ပြီး လာလီဂါဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ရရှိခဲ့သူ   ဖြစ်သည်။

ဆီဗီလာအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့တွင်အငှားသွားရောက်ကစားခဲ့ပြီး စီးရီးအေဖလား ၅ ကြိမ် ရရှိခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required