ပါကစ္စတန်က ဆူဖီဘုရားကျောင်းကို အသေခံတိုက်ခိုက်၍ လူ ရ၂ သေဆုံး

ပါကစ္စတန်က ဆူဖီဘုရားကျောင်းကို အသေခံတိုက်ခိုက်၍ လူ ရ၂ သေဆုံး

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၇ ။            ။ ပါကစ္စတန်နိုင်ငံတောင်ပိုင်းက မွတ်စလင်ဆူဖီဘုရားရှိခိုးကျောင်းတစ်ခုမှာ ဝတ်ပြုသူတွေရှိနေချိန် အသေခံတိုက်ခိုက်၍ လူပေါင်း အနည်းဆုံး ၇၂ သေဆုံးပြီး ၇၀ ကျော်ထက်မနည်း ဒဏ်ရာရတယ်လို့ တာဝန်ရှိသတင်းရင်းမြစ်တစ်ရပ်က EFE သတင်းဌာနကို ပြောပါတယ်။

ရှီဝန်ပြည်နယ်အတွင်းက မွတ်စလင်ဆူဖီသူတော်စင် လာရှဘတ်ကာလန်ဒါဂူဘုရားကျောင်းအတွင်းမှာ လာရောက်ဝတ်ပြုသူတွေအပြည့်ရှိနေချိန် ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး   သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ရဲဌာနပြောခွင့်ရသူ ဇူကာနင်းက ပြောပါတယ်။

ခုလို အသေခံဗုံးခွဲတိုက်ခိုက်ချိန်မှာ ဘုရားကျောင်းအတွင်း အနည်းဆုံး လူ ၅၀၀ ရှိနေပြီး အမျိုးသမီးနဲ့ ကလေးငယ်များပါ သေဆုံးကြောင်း ပြည်နယ်ရဲချုပ် ရာဆူးဘတ်ရှ်က EFE သတင်းဌာနကို   ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝတ်ဇ်ရှာရစ်က သေဆုံးဒဏ်ရာရသူတွေကို ကူညီကြဖို့ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

ပါကစ္စတန်တစ်ဦးကို တိုက်ခိုက်တာဟာ ပါကစ္စတန်အားလုံးကို တိုက်ခိုက်ခြင်းပဲဖြစ်တယ်လို့လည်း ရှာရစ်က ဆိုပါတယ်။

ဒဏ်ရာရသူတွေကို ရွှေ့ပြောင်းပေးဖို့ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ဖြစ်ပွားရာဆီ စေလွှတ်ထားကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အဆစ်ဂါဖိုးက တရားဝင်တွစ်တာအကောင့်မှာ ရေးသားပါတယ်။

အခုတိုက်ခိုက်မှုဟာဆိုရင် ခုသီတင်းပတ်အတွင်း ခြောက်ကြိမ်မြောက် တိုက်ခိုက်ခံရမှုလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly