ကာကွယ်ရေးအသုံးစရိတ် ပိုမိုသုံးစွဲခဲ့ကြောင်း နေတိုးကြေညာ

ကာကွယ်ရေးအသုံးစရိတ် ပိုမိုသုံးစွဲခဲ့ကြောင်း နေတိုးကြေညာ

အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် ပထမဆုံး တရားဝင်အလည်အပတ် မရောက်လာခင်မှာ နေတိုးအတွင်းရေးမှူးချုပ်က နေတိုးအဖွဲ့ဝင် ကနေဒါနဲ့ ဥရောပနိုင်ငံတွေရဲ့ ၂၀၁၆ စစ်အသုံးစရိတ်ဟာ   မျှော်မှန်းတာထက် မြင့်တက်ကြောင်း ကြေညာလိုက်ပါတယ်။

ဥရောပနဲ့ ကနေဒါနိုင်ငံတွေကြား ကာကွယ်ရေးစရိတ် မြင့်တက်လာတာကြောင့် နေတိုးကာကွယ်ရေးအသုံးစရိတ်ဟာ ၃ ဒဿမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

“ကျွန်တော်တို့ နဂိုမှန်းဆထားတာထက် တော်တော်တန်တန် မြင့်မားတာပါ။ နေတိုးကာကွယ်ရေးအသုံးစရိတ်က အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ တစ်ဆယ်ဘီလီယံရှိပါတယ်။”ဟု ဖေဖော်ဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ကျင်းပမယ့် နေတိုးကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ် ဂျင်းစတောတန်ဘတ်က ပြောပါတယ်။

အခုလို နေတိုးခေါင်းဆောင်က သတင်းစာရှင်းလင်းပွဲမှာ ဖော်ထုတ်လိုက်တာဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ် မလာခင်အချိန်မှာလည်း ဖြစ်ပြီး ဥရောပမဟာမိတ်တွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုမြှင့်တင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောထားချိန်မှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက ကနဦးတွက်ချက်မှုမှာတော့ ၂၀၁၆ အတွက် ကာကွယ်ရေးအသုံးစရိတ်က သုံးရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ရှစ်ဘီလီယံရှိမယ်လို့ ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။

“စစ်အသုံးစရိတ်က ခုကျင်းပမယ့် ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ အရေးကြီးကိစ္စရပ်ဖြစ်မှာပါ။ အခုနှစ်အတွင်း ဘရပ်ဆဲလ်မှာ ကျင်းပဖို့ရှိတဲ့ ထိပ်သီးအစည်းအဝေးမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာဖြစ်ပါမယ်။”ဟု စတောတန်ဘတ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags