၁၂ ရက်အတွင်း ပြန်ပေးငွေမပေးရင် ဂျာမန်ဓားစာခံကို သတ်မည်ဟု အဘူဆေယက်ဇ်အကြမ်းဖက်များပြော

၁၂ ရက်အတွင်း ပြန်ပေးငွေမပေးရင် ဂျာမန်ဓားစာခံကို သတ်မည်ဟု အဘူဆေယက်ဇ်အကြမ်းဖက်များပြော

မနီလာ၊ ဖေဖော်ဝါရီ ၁၅ ။                  ။ ဖိလစ်ပိုင်က အဘူဆေယက်ဇ်အစွန်းရောက်အကြမ်းဖက်အုပ်စုဟာ ၎င်းတို့ဓားစာခံဖမ်းဆီးထားတဲ့ အသက် ၇၀ အရွယ် ဂျာမနီနိုင်ငံသားအတွက် ပြန်ပေးငွေကို ၁၂ ရက်အတွင်း ဂျာမနီနိုင်ငံက မပေးခဲ့ရင် ခေါင်းဖြတ်သတ်မယ်ဆိုပြီး ဗီဒီယိုထုတ်ပြန်လာပါတယ်။

လူမှုမီဒီယာ Telegram နဲ့ Twitter မှာ တင်လာတဲ့ ခုဗီဒီယိုမှာ ဓားစာခံဖြစ်သူကိုယ်တိုင်က ဒါက ၎င်းအတွက် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း၊  ပြန်ပေးငွေ ပီဆို သန်းသုံးဆယ် (အမေရိကန်ဒေါ်လာ ခြောက်သိန်း) မပေးရင် ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် သုံးနာရီမှာ ကွပ်မျက်ခံရတော့မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အစပိုင်းမှာ အစွန်းရောက်အုပ်စု တောင်းဆိုထားတဲ့ ပြန်ပေးငွေပမာဏဟာ ပီဆို သန်းငါးရာဖြစ်ပြီး ခုဗီဒီယိုမှာတော့ လျော့နည်းတောင်းဆိုလာတာဖြစ်ပါတယ်။

ဗီဒီယိုမှာ ပါတဲ့ နေရာအနေအထားက အဘူဆေယက်ဖ်တွေ လှုပ်ရှားနေတဲ့ ဖိလစ်ပိုင်တောင်ပိုင်းက တောထဲမှာ ဖြစ်ဖို့များပါတယ်။ မျက်နှာဖော်ထားတဲ့ ဓားစာခံဖြစ်သူနောက်မှာ မျက်နှာဖုံးတွေ စွပ်ထားတဲ့ လက်နက်ကိုင်လေးယောက်ကို ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။

အဘူဆေယက်ဖ်တွေရဲ့ ဓားစာခံဖြစ်နေတဲ့ ဂျာမနီနိုင်ငံသားဟာ နိုဝင်ဘာလကတည်းက ပြန်ပေးဆွဲခံထားရတာဖြစ်ပါတယ်။

အိုင်အက်စ်အဖွဲ့ကို သစ္စာခံတယ် ဆိုထားတဲ့ အဘူဆေယက်ဖ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ကနေဒါအစိုးရ ပြန်ပေးငွေ မပေးတာကြောင့် ဓားစာခံကနေဒါနှစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly