မြောက်ကိုရီးယားမှ ၄င်းတို့၏ တာဝေးပစ်ဒုံးပျံ ပစ်လွှတ်စမ်းသပ်မှု အောင်မြင်ကြောင်းပြောကြား

မြောက်ကိုရီးယားမှ ၄င်းတို့၏ တာဝေးပစ်ဒုံးပျံ ပစ်လွှတ်စမ်းသပ်မှု အောင်မြင်ကြောင်းပြောကြား

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သော တနင်္ဂနွေနေ့က ခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် ဦးစီးကြပ်မတ်ခဲ့သော တာဝေးပစ်ဒုံးပျံ ပစ်လွှတ်စမ်းသပ်ခဲ့မှုသည် အောင်မြင်မှု ရရှိခဲ့ကြောင်း ပြောခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာမှ အဆိုပါပစ်လွှတ်မှုသည် အမေရိကန်သမ္မတသစ်ဒေါ်နယ်ထရမ့်၏ တုံ့ပြန်မှုကိုစမ်းသပ်လိုသောကြောင့် ရည်ရွယ်ချက်ရှိရှိရန် စခဲ့ခြင်းဖြစ်ကြောင်း အမည်တပ်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ၏ တာဝေးပစ်ဒုံးပျံပစ်လွှတ်စမ်းသပ်မှုအား နိုင်ငံအများအပြားမှပြင်းပြင်းထန်ထန်ဝေဖန် နေကြသည်။

အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ကုလသမဂ္ဂလလုံခြုံရေးကောင်စီအား ယခု ဖြစ်ရပ်နှင့်ပက်သက်၍ အရေးပေါ်အစည်းအဝေးထိုင်ရန်အတွက် တောင်းဆိုခဲ့ကြသည်။

မြောက်ကိုရီးယားဗဟိုသတင်းဌာနဖြစ်သော KCNA မှ ပတ်ဂွတ်ဆောင်-၂ ဒုံးပျံစမ်းသပ်မှုသည် နည်းပညာ အသစ်လက်နက် အမျိုးအစားတစ်ခုဖြစ်ပြီး နျူကလီးယားထိပ်ဖူးကိုသယ်ဆောင်ပစ်လွှတ်နိုင်သည်ဟုသတင်း တင်ပြခဲ့ကြကာ ခေါင်းဆောင်ကင်မ်ဂျုံအန်း ကိုယ်တိုင်ကြပ်မတ်ခဲ့သည်ဟု ရေးသားခဲ့ကြသည်။

ဒါ့အပြင် ဒုံးပျံပစ်လွှတ်မှုအား အိမ်နီးခြင်းနိုင်ငံများကို ထည့်တွက်စဉ်းစား၍ ထောက်ညှာခဲ့သောအနေဖြင့် အကွာ အဝေးမြင့်မြင့်သို့ ဦးတည်ပစ်လွှတ်ခဲ့သည်ဟု ဖြည့်စွက်တင်ပြခဲ့သည်။

ဒုံးပျံကို လောင်စာခဲအင်ဂျင်အသုံးပြုထားသည်ဟုသိရပြီး တာဝေးပစ်ဒုံးပျံများအားပိုမိုအင်အားကြီးမားစေကာ ပစ်ကွင်းလည်းပိုမိုကောင်းမွန်စေကြောင်း သတင်းများအရသိရသည်။

တောင်ကိုရီးယားမှ စစ်ရေးကျွမ်းကျင်ပညာရှင်များက ဒုံးပျံသည် cold-eject စနစ်ဖြင့်ပစ်လွှတ်ခဲ့တာဖြစ်ပြီး သိပ်ထည့်ထားသောဓာတ်ငွေ့များကို ဒုံးပျံ၏ကန်အား စတင်ရန်အတွက် အသုံးပြုကာ   ရေငုပ်သင်္ဘောများမှ ပစ်လွှတ်သောဒုံးပျံစနစ်ဖြစ်သည်ဟု ပြောခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly