ကိုးနှစ်အရွယ် ကလေးများ ထောင်ကျနိုင်သည့် ဥပဒေပြဌာန်းရန် ဖိလစ်ပိုင်အစိုးရ၏ ကြိုးပမ်းချက် ယူနီဆက်ဖ် ကန့်ကွက်

ကိုးနှစ်အရွယ် ကလေးများ ထောင်ကျနိုင်သည့် ဥပဒေပြဌာန်းရန် ဖိလစ်ပိုင်အစိုးရ၏ ကြိုးပမ်းချက် ယူနီဆက်ဖ် ကန့်ကွက်

ဖေဖော်ဝါရီ ၁၃ ။             ။ ဖိလစ်ပိုင်တွင် ပြစ်မှုကျူးလွန်သည့် ကလေးသူငယ်များ အသက် ကိုးနှစ်ပြည့်မြောက်ပြီးဖြစ်နေပါက ထောင်ကျခံရနိုင်သည့် ဥပဒေတစ်ရပ် အစိုးရဘက်က ပြဌာန်းရန် ကြိုးပမ်းနေခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ ယူနီဆက်ဖ်က သတိပေးသွားခဲ့သည်။

ယင်းနိုင်ငံတွင် ရာဇဝတ်ကျူးလွန်ပြီး ကလေးသူငယ်များ ထောင်ကျခံရနိုင်သည့် အသက်ကန့်သတ်ချက်ကို လက်ရှိ ၁၅ နှစ်ဟု သတ်မှတ်ထားရာမှ ကိုးနှစ်ထိ လျှော့ချသတ်မှတ်သွားရန်   ပြင်ဆင်လာနေမှုအပေါ် ယူနီဆက်ဖ်က ပြစ်တင်လိုက်ခြင်း ဖြစ်သည်။

"  ဒီကလေးတွေ သူတို့ ဆယ်ကျော်သက်အရွယ်ကာလတွေကို ထောင်ထဲမှာပဲကုန်ဆုံးရင်း သူတို့ ကြီးလာတော့မှာပေါ့၊ အဲဒီလိုဆိုရင် သူတို့လေးတွေရဲ့ ဘဝမှာ ကြီးကြီးမားမား ထိခိုက် သွားစေနိုင်ပါလိမ့်မယ်" ဟု ဖိလစ်ပိုင်မှာ ရှိနေတဲ့ ယူနီဆက်ဖ်ရဲ့ ဌာနေကိုယ်စားလှယ် Lotta Sylwander က ပြောသွားပါတယ်။

ယခုအခါ ယင်းဥပဒေကို ပြဌာန်းနိုင်ရန် သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် နီးစပ်သူများက တွန်းအားပေး စီစဉ်လာနေခြင်း ဖြစ်သကဲ့သို့ သေဒဏ်ပြစ်ဒဉ် ပြန်လည်ချမှတ်ရန်လည်း ဥပဒေမူကြမ်းတစ်ရပ် အဆိုပြုထားခဲ့သေးသည်။

သို့သော် ယခုလိုသာ ကိုးနှစ်အရွယ်ကလေးသူငယ်များ အကျဉ်းကျခံရနိုင်သည့် ဥပဒေသာ အတည်ပြုလိုက်နိုင်မည်ဆိုပါက ယင်းမှာ ဆိုးရွားလွန်းသည့်အခြေအနေတစ်ရပ်သို့ ဦးတည်စေနိုင်သကဲ့သို့ ယင်း ကိုးနှစ်သား ကလေးများ သေဒဏ်ကျခံရနိုင်သည့်အထိလည်း ဆိုးရွားသွားစေနိုင်ကြောင်း နိုင်ငံရေးသမားများကလည်း ကန့်ကွက်နေလျက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required