သြဂုတ်လတွင် လက်ထပ်တော့မည့် ဟန်ဂိုအန်

သြဂုတ်လတွင် လက်ထပ်တော့မည့် ဟန်ဂိုအန်

ဆိုးလ်၊ ဇူလိုင် ၂၄ ။       ။ တောင်ကိုရီးယားမင်းသမီး ဟန်ဂိုအန်သည် သြဂုတ်လတွင် လက်ထပ်တော့မည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ GnG အေဂျင်စီက ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။

“ ဟန်ဟာ သြဂုတ် ၃၀ ရက်မှာ လက်ထပ်သွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ စေ့စပ်ထားသူဟာ  ကြင်နာတတ်ပြီး အလုပ်ကြိုးစားတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်” ဟု အေဂျင်စီက တရားဝင် ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားထားသည်။

၎င်းတို့နှစ်ဦးသည် အသိတစ်ဦး၏မိတ်ဆက်ပေးမှုဖြင့် သိကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် တွဲနေသည်မှာ မကြာသေးသော်လည်းစေ့စပ် ထားသော ကောင်လေး၏ ကြင်ကြင်နာနာရှိမှုကြောင့် ဟန်က လက်ထပ်ရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်းအေဂျင်စီ ကပြောကြား သည်။

မင်္ဂလာပွဲကို မိသားစုဝင်များနှင့် ရင်းနှီးသော မိတ်ဆွေများကိုသာ ဖိတ်ကြားကာ ကျင်းပသွား မည်ဖြစ်သည်။ မော်ဒယ်ဘဝမှ မင်းသမီးဘဝသို့ ပြောင်းလာသော ဟန်သည် ၁၉၉၅ ခုနှစ်က Super Elite Model ပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကသို့ ဝင်ရောက်ခဲ့ဲပြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ  Bodyguard၊ Love and Ambition နှင့် Capital Scandal ဇာတ်လမ်းတွဲများ မှတစ်ဆင့် လူသိများ ထင်ရှားလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly